Sunday, January 31, 2016

ပါတိုနှင့် ချယ်လ်ဆီးအငှားစာချုပ် ချုပ်ဆိုခဲ့ပြီ




The Mirror Daily's photo.
ချယ်လ်ဆီးသို့ ပြောင်းရွှေ့မည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက သတင်းထွက်နေသူ အလက်ဇန္ဒြီးပါတိုမှာ ဆေးစစ်မှုများပြုလုပ်ပြီးနောက် ယခုနှစ် ဘောလုံးရာသီကုန်အထိ ချယ်လ်ဆီးတွင်ရှိနေမည့် အငှားစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။ ပါတိုသည် ယခုနှစ်ဘောလုံး ရာသီအတွင်း ဘရာဇီးကလပ် ကိုရင်သီယန်အတွက် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ရာ သူ့အား ဥရောပကလပ်အသင်းအတော်များများက ခေါ်ယူရန် ချိတ်ဆက်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းအား ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအပြင် လီဗာပူး၊ စပို့တင်းလစ္စဘွန်းနှင့် ဘင်ဖီကာတို့မှ ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ပါတိုမှာ ချယ်လ်ဆီးသို့ ပြောင်းရွှေ့မည်ဟု အစောပိုင်းကပင် နုတ်အားဖြင့် သဘောတူထားခဲ့သော်လည်း အခြားကလပ်အသင်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ချယ်လ်ဆီးကိုသာ ရွေးချယ်ခဲ့ပြီး ချယ်လ်ဆီးအတွက် ကစားပေးရမည် ဖြစ်သည့်အတွက် ကျေနပ်ပျော်ရွှင်မိကြောင်းလည်း ဆိုခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နှစ်က ပရီမီယာလိဂ် ချန်ပီယံဖြစ်ခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင် အမှတ်ပေးဇယားအဆင့်(၁၃)နေရာအထိရောက်ရှိနေရာ ပါတိုအား အငှားဖြင့်ခေါ်ယူခြင်းက ချယ်လ်ဆီး၏ထိပ်ဆုံးလေးနေရာ ဝင်ရောက်ရေးအိပ်မက်အတွက် ဆေးမြီးတိုဖြင့်ကုသခြင်းပင်ဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

ချယ်လ်ဆီးနည်းပြ ဂူဟစ်ဒင့်က ''ကျွန်တော်တို့ ပါတိုကိုခေါ်တာ တအားစွန့်စားရတဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ သူက နည်းစနစ်ပိုင်း ကျွမ်းကျင်ပြီးသားကစားသမားပါ''ဟု တုံ့ပြန်ပြောကြားခဲ့သည်။

မေလဲ့သင်း - စုစည်းသည်

No comments:

Post a Comment