Tuesday, January 12, 2016

ဂွကမ်းခြေတွင် ဝေလငါးဟု ယူဆရသော ငါးကြီးအသေတစ်ကောင် သောင်တင်




The Mirror Daily's photo.
သံတွဲ ဇန်နဝါရီ ၁၁

ငါးကြီးအသေတစ်ကောင် သံတွဲခရိုင် ဂွမြို့နယ် လောင်ကျိုးကျေးရွာ ကမ်းခြေတွင် ဇန်နဝါရီ ၁ဝ ရက် နံနက် ၁ဝ နာရီခန့်က သောင်တင်နေကြောင်း သိရှိရသည်။

ထို့နေရာသို့ ဂွမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးရာ ငါးကြီးအသေကောင်မှာ ပုပ်ပွနေပြီး အလျား ၃၃ ပေ၊ လုံးပတ် ၁၆ ပေရှိပြီး ဝေလငါးဟု ယူဆရကြောင်းနှင့် အရိုးအား ငါးလုပ်ငန်းဦးစီးဌာနမှ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း သိရသည်။
ကိုကိုဝင်း(ပြန်/ဆက်)

No comments:

Post a Comment