Friday, January 1, 2016

ဝဿန်ခရီးသွားရုပ်ရှင်ပွဲတော်မန္တလေးမြို့ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံတွင်ပြသ




The Mirror Daily's photo.
မန္တလေး ဒီဇင်ဘာ ၃၁

ဝဿန်ခရီးသွားရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၁)လမ်းနှင့် (၈၃)လမ်းထောင့်ရှိ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ Mega Ace Cineplex တွင် ကျင်းပခဲ့သည်။

အဆိုပါ ရုပ်ရှင်ပွဲတော်သို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ရုပ်ရှင်ပညာဌာန ပါမောက္ခနှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များ၊ မန္တလေးမြို့ရှိ သတင်းမီဒီယာများ၊ ဖိတ်ကြားထား သူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရုပ်ရှင်ဝါသနာ ရှင်များ တက်ရောက်ကြသည်။ ဝဿန်ရုပ်ရှင်ပွဲတော်တွင် အပျော်တမ်းဒါရိုက်တာများက မြန်မာနိုင်ငံတစ်ဝန်းတွင် ရိုက်ကူးထားသော သဘာဝနှင့်ဖြစ်ရပ်မှန်ဇာတ်ကားများအားပြသပြီး ဇာတ်ကားများနှင့်ပတ်သက်၍ ရုပ်ရှင်ကြည့်ပရိသတ်များက သိရှိလိုသည်များကို မေးမြန်းရာ ဒါရိုက်တာများက ပြန်လည်ရှင်းလင်းတင်ပြ ကြသည်။

ဝဿန်ရုပ်ရှင်ပွဲတော်မစတင်မီ မွန်းလွဲ ၂ နာရီ တွင် Black Magic Camera Road Show အစီအစဉ်များ ပြသရာ ဗီဒီယိုလုပ်ငန်းရှင်များ၊ ဗီဒီယိုရိုက်ကူးသူများ၊ စိတ်ဝင်စားသူများ လာရောက်လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment