Friday, January 1, 2016

မုံရွာမြို့သီရိရတနာဈေး ပုံမှန်ပြန်လည်ဖွင့်လှစ်



The Mirror Daily's photo.


မုံရွာ ဒီဇင်ဘာ ၃၁

ဒီဇင်ဘာ ၂၉ ရက်ညက မီးလောင် ခဲ့သော မုံရွာမြို့ သီရိရတနာဈေးကို ဒီဇင်ဘာ ၃ဝ ရက်တွင် စည်ပင် ဝန်ထမ်းများ၊ ဈေးသူဈေးသားများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက် ကာ ၃၁ ရက်နံနက်ပိုင်းမှစ၍ ပုံမှန်အတိုင်း ဈေးဆိုင်များဖွင့်လှစ် ရောင်းချနေပြီဖြစ်သည်။

ဈေးဆိုင်များအန္တရာယ်ကင်း၍ သန့်ရှင်းစွာ ဖွင့်လှစ်နိုင်ရန်အတွက် မီးလောင်သောနေရာကို အကာအရံ များပြုလုပ်၍လည်းကောင်း၊ ယခင် ဖွင့်လှစ်နေသော အပေါက်လေးပေါက် မှ ဝင်သောလမ်းပေါ်တွင် ဖွင့် သောဈေးဆိုင်များကို ဖွင့်ခွင့်မပြုဘဲ ရှင်းလင်း၍လည်းကောင်း ဈေးကို ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဈေးသူဈေးသားများ၊ ဒေသခံအများစု ထင်မြင်ယူဆထားသည်နှင့် သက်ဆိုင် ရာရဲတပ်ဖွဲ့များ၏ သုံးသပ်အရေးယူ ထားမှုများသည် ကွဲလွဲမှုရှိနေသောကြောင့် ဒေသခံအများစုအနေ ဖြင့် ဈေးမီးလောင်မှုအပေါ် သေချာ စိစစ်ခြင်းကို ဥပဒေနှင့် အညီဟု သုံးနှုန်းကာ အာဏာသုံး ဆောင်ရွက်ခြင်းထက် ပြည်သူ၏အသံကို အလေးထားဂရုပြုဆောင်ရွက်စေလိုကြောင်း သိရသည်။

ဒီဇင်ဘာ ၃၁ ရက် နံနက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ရ သောဈေးသည်များတွင် မီးဖိုမီးအသုံးပြုသော ဈေးသည်အများစု ဆိုင်ထွက်ခွင့် မရသေးဘဲ အလယ်အူကြောင်းထွက် ပျံကျဈေးသည်များလည်း နေရာမရဖြစ်နေသေးကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment