Sunday, January 31, 2016

ကောလာဟလတွေကြားက တစ်ဖနီနဲ့ ဂရေး


The Mirror Daily's photo.
တောင်ကိုရီးယားရဲ့ ဂီတ လောကမှာ ကျော်ကြားသူတွေဖြစ်ကြ တဲ့ အမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့ ''Girls' Generation''ရဲ့ အဖွဲ့ဝင် တစ်ဖနီနဲ့ ရက်ပ်အဆိုတော်တစ်ဦး ဖြစ်သူ ဂရေးတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြကြောင်း ဒေသတွင်းမီဒီယာတွေက သုံးသပ်ရေးသားခဲ့ကြပါတယ်။
အဆိုပါကောလာဟလနဲ့ ပတ် သက်ပြီး ကာယကံရှင် နှစ်ဦးက တစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း တစ်ဖနီရဲ့ဖျော်ဖြေရေး အေဂျင်စီဖြစ်တဲ့ အက်စ်အမ် အန်တာတိန်းမန့်မှ တာဝန်ရှိသူ တစ်ဦးကတော့ ယင်းကောလာဟလ တွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ မှားယွင်းကြောင်း ထုတ်ဖော်ပြော ကြားလိုက်တယ်လို့ စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ ''Daily Sport'' သတင်းစာက တစ် ဖနီနဲ့ ဂရေးတို့ချစ်သူတွေဖြစ်နေကြတာ သုံးလခန့် ကြာခဲ့ပြီဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပြီးတဲ့နောက် ဇန်န ဝါရီ ၂၉ရက်မှာ အက်စ်အမ်အန်တာ တိန်းမန့်က ''တစ်ဖနီနဲ့ ဂရေးတို့ဟာ အလုပ်လုပ်ရင်းစတင်သိကျွမ်းခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ခင်မင်မှုက ရိုးရိုး သားသားပါပဲ။ တစ်ဖနီက အမေရိကန် လူမျိုးစပ်တဲ့သူတစ်ဦးဖြစ်တော့ သူ့ရဲ့ ပွင့်လင်းတဲ့နေထိုင်ဆက်ဆံပုံတွေကြောင့် တစ်မျိုးထင်စရာတွေ ဖြစ်ကြ ရတာပါ''လို့ တစ်ဖနီဘက်က ကာ ကွယ်ပြောဆိုခဲ့ပါတယ်။
တေးဂီတလောကမှ သူတို့နှစ်ဦးနှင့် ရင်းနှီးသူတစ်ဦးက ''သူတို့နှစ်ယောက် ကို သီချင်းတွေအကြောင်း၊ အလုပ်အကြောင်း ဆွေးနွေးနေတာလည်း တွေ့မြင်ရပါတယ်။ သာမန်နှစ်ဆယ် ကျော်အရွယ်တွေလိုပဲ ချိန်းဆိုတွေ့ဆုံ ကြတာကိုလည်း တွေ့ရတယ်''လို့ ဆိုပါတယ်။ အခြားရင်းနှီးတဲ့သူတစ်ဦး ကလည်း ''သူတို့နှစ်ယောက်စလုံးက အခြားသူတွေကို ဂရုမစိုက်တတ်ဘူး။ သူတို့တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်ကို ပွင့်ပွင့်လင်းလင်းပဲ ဖော်ပြတာတွေ့ရတယ်။ သူတို့ နှစ်ဦးချစ်သူတွေ ဖြစ်နေကြပုံရပါ တယ်။ သူတို့နှစ်ယောက်ရဲ့အကြောင်းဟာ ကိုရီးယားရပ်ပ်အဆိုတော်တွေ ကြားမှာ တကယ်ကိုရေပန်းစားတဲ့ အကြောင်းပါ''လို့ ပြောကြားခဲ့ပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment