Saturday, January 2, 2016

၂ဝ၁၆ ခုနှစ်မှာ ပေါ်ထွက်လာတဲ့ပထမဦးဆုံးသော တောင်ကိုရီးယားအနုပညာရှင်စုံတွဲ




The Mirror Daily's photo.


တောင်ကိုရီးယားနာမည်ကျော် ပေါ့ပ်စုံတွဲတစ်တွဲကတော့ ၂ဝ၁၆ ခုနှစ်ရဲ့ ပထမဦးဆုံးသောနေ့မှာပဲ တရားဝင်ကြေညာလိုက်တဲ့ စုံတွဲတစ်တွဲအဖြစ် ပေါ်ထွက်လာခဲ့ပါပြီ။ သူတို့နှစ်ဦးကတော့ ''JYJ''အမျိုးသားတေးဂီတ အဖွဲ့မှ ဂျန်စုနဲ့ ''EXID''အမျိုးသမီးတေးဂီတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟန်နီတို့ပဲ ဖြစ်ကြပါတယ်။

ဂျန်စုရဲ့ အေဂျင်စီဖြစ်တဲ့ စီဂျေအက်စ်အန်တာတိန်းမန့်ကလည်း သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြတယ်ဆိုတာကို အတည်ပြုပြောကြားခဲ့ကြောင်း အောကေပေါ့ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

ဒစ်ပတ်ခ်ျအွန်လိုင်းမီဒီယာကတော့ သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြတာ ခြောက်လလောက်ရှိသွားပြီဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်းက သူတို့နှစ်ဦးချိန်းဆိုတွေ့ဆုံမှုတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

စီဂျေအက်စ်အန်တာတိန်းမန့်က အဆိုပါစုံတွဲဟာ နာမည်ကျော် တွေဖြစ်ကြတဲ့အတွက် သူတို့ရဲ့အနုပညာလုပ်ငန်းမှာ ထိခိုက်မှုတွေရှိလာမှာ စိုးရိမ်တာကြောင့် ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို အသေးစိတ်ထုတ်ဖော် ပြောကြားနိုင်ခြင်းမရှိသေးကြောင်းလည်း ဆိုခဲ့ပါတယ်။
အေးပြည့် - ရေးသားသည်

No comments:

Post a Comment