Saturday, January 2, 2016

သံဃာ့ဆေးကုသဆောင်သစ် ရေဦး၌ဖွင့်




The Mirror Daily's photo.
ရေဦး ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ခုတင် (၁ဝဝ)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သံဃာ့ဆေးကုသဆောင် သစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၃ဝ ရက် နံနက်ပိုင်းက ကျင်းပပြီး ခေတ်မီနည်းပညာများဖြင့် ကုသပေးသွားမည်ဖြစ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက သံဃာ့ဆေးရုံသစ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက သံဃာ့ဆေးရုံသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အောင်ဇမ္ဗူဆရာတော်က မော်ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။ ဆက်လက်၍ ဆေးရုံနှင့်ပတ်သက်သော စာရွက်စာတမ်းများကို အောင်ဇမ္ဗူသာသနာပြု အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်ညွန့်က ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်သည်။

အောင်ဇမ္ဗူဆရာတော်က ဆောက်လုပ်လှူဒါန်းသည့် သံဃာ့ဆေးကုသဆောင်သည် အလျား ပေ ၈ဝx အနံ ပေ ၆ဝ ရှိ အာရ်စီတစ်ထပ် အဆောက်အအုံဖြစ်သည်။ ယင်းဆေးကုသဆောင်ကို ၂ဝ၁၅ ခုနှစ် မတ်လက စတင် တည်ဆောက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ဆောက်လုပ် ပြီးစီးခဲ့ကာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်တွင် နိုင်ငံတော်သို့ အပ်နှံခဲ့ခြင်းဖြစ်သည်။ အဆိုပါဆေးကုသဆောင်ကို ငွေကျပ် သိန်း ၂၅ဝဝ ကျော် အကုန်အကျခံတည်ဆောက်ခဲ့ ခြင်းဖြစ်သည်။

ယင်းဆေးကုသဆောင်နှင့်အတူ လူနာတင်ယာဉ်တစ်စီး နှင့် မီးသတ်ယာဉ်တစ်စီလည်း လှူဒါန်းခဲ့သည်။ ထို့ပြင် ရေဦးမြို့ရှိ အခြေခံပညာကျောင်းများအတွက် ငွေကျပ် သိန်း ၈ဝ နှင့် ကွန်ပျူတာ ၁၁ စုံတို့ကိုလည်း လှူဒါန်းခဲ့သည်။
ခင်မျိုးနိုင်(ကြေးမုံ)

No comments:

Post a Comment