Saturday, January 2, 2016

မအူပင်၌ မီးလောင်မှုဖြစ်ပွား


The Mirror Daily's photo.


မအူပင် ဇန်နဝါရီ ၁


မအူပင်မြို့နယ် အမှတ် (၃) ရပ်ကွက် ဈေးလမ်းနေ တေဇလမ်းထိပ်ရှိ ဦးမြကြင် ပရိဘောဂနေအိမ်မှ ဇန်နဝါရီ ၁ ရက် နံနက် ၁၁ နာရီ မိနစ် ၄ဝ က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သစ်သားအိမ် နှစ်လုံး၊ လေးထပ် တိုက် တစ်လုံးနှင့် စီးပွားကူးသန်းပိုင် နှစ်ထပ်တိုက်အတွင်းပိုင်း ပျက်စီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းရာသို့ အမှတ်(၂၇) တပ်ရင်းမှူးဦးစီးသော အရာရှိများ၊မအူပင်ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မအူပင်၊ ညောင်တုန်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ရေလဲကျေးရွာတို့မှ မီးသတ်ကားများ၊ စည်ပင်သာယာအဖွဲ့ပိုင် ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် တွင် မီးညွန့်ကျိုးခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲတွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

(၆၉၁)

No comments:

Post a Comment