Friday, January 1, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်(နေပြည်တော်)တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၃၁

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော် ရာဇသင်္ဂဟ လမ်းရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးအား အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်က အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းကျောင်း (GSAD) တွင် ပို့ချလျက်ရှိသည့် သင်တန်းများ၊ ဆက်လက်ပို့ချမည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် သုတေသီများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ များ မှီငြမ်းကိုးကားနိုင်ရန် ဆောင်ရွက်ပေးသောဌာန ဖြစ်၍ စာရွက်စာတမ်း၊ စာအုပ်များ လုံခြုံရေးနှင့် မီးဘေး အန္တရာယ် ကာကွယ်ရေးအတွက် စနစ်တကျ ဆောင်ရွက်ရန်၊ လက်ရှိတည်ဆောက်ပြီးစီးမှုအခြေအနေနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော်နိုင်မည့် အနာဂတ်အစီ အစဉ်များချမှတ်အကောင်အထည်ဖော်ရန်၊ တည်ဆောက်မှု လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆောင်ရွက်ရန်၊ အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းကျောင်းတွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် တက်ရောက်သင်ကြားသည့် နိုင်ငံ့ဝန်ထမ်းများသည် ပြောင်းလဲ နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပတ်ဝန်းကျင် နှင့်အညီ မိမိတို့လုပ်ငန်းများကို အရည်အချင်း ပြည့်ဝစွာ စီမံခန့်ခွဲနိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်း ဖြစ်လာစေရန်နှင့် နိုင်ငံတကာအဆင့် အသိပညာများ ရရှိ စေနိုင်မည်ဖြစ်၍ အရည်အသွေးမြင့်မား၍ ရေရှည်တည်တံ့ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment