Friday, January 1, 2016

ဘူးသီးတောင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား၁၄ ဒသမ ဝ၆၆ သိန်း သိမ်းဆည်းရမိ



The Mirror Daily's photo.
နေပြည်တော် ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြို့နယ်ထွေ/အုပ်၊ မမစ (ဘူးသီးတောင်)နှင့် အကောက်ခွန်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက်က ဘူးသီးတောင်မြို့ ဆိပ်ကမ်းသို့ ဝင်ရောက်လာသော 'အောင်သူဟိန်း'စက်လှေကို သတင်းအရရှာဖွေရာ မြွေရေခွံအိတ် ငါးအိတ်အတွင်း နက်စ်ကော်ဖီဂျပ်ဖာ ၁၅ ဖာဖြင့် ထည့်ထားသည့် R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ ဒသမ ၄ သိန်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ရေယာဉ်အုပ်စံလှနှင့် ပါဝင်ပတ်သက်သူများအား စစ်ဆေးလျက်ရှိသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မောင်တောမြို့ အနောက်ရပ်ကွက် အလယ်ရွာနေ စောဝေ၏ နေအိမ်ကို ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ မြွေရေခွံအိတ်အတွင်း R စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆၆ သိန်း ထပ်မံသိမ်းဆည်းရမိသဖြင့် စောဝေ(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment