Saturday, January 2, 2016

အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း ထိုင်းဝန်ကြီးချုပ်နေရာအတွက် ရွေးကောက်ပွဲဝင်ပြိုင်မည်





The Mirror Daily's photo.


ဘန်ကောက် ဇန်နဝါရီ ၁

အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း ဆူရင် ပစ်ဆူဝန်သည် လာမည့် ရွေးကောက်ပွဲတွင် ထိုင်းဝန်ကြီးချုပ် ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဆူရင်ပစ်ဆူဝန်က ယခုလောလောဆယ် ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိချာချိဝ ဦးဆောင်နေသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် နေရာကို ယှဉ်ပြိုင်ခြင်းသည် နိုင်ငံရေးလောကသို့ ပြန်လည်ခြေဦးလှည့်ရန် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးဖြစ်သော ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်နေရာကို ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါက ဒီမိုကရက်တစ်ပါတီမှ ဝန်ကြီးချုပ်ရာထူးအတွက် ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ပါတီခေါင်းဆောင်နေရာအတွက် အဘီဆစ်ကသာ ဆူရင်ပစ်ဆူဝန်ကို ဆက်လက်အနိုင်ရရှိသွားခဲ့မည်ဆိုလျှင် ၂ဝဝ၅ ခုနှစ်ကတည်းက ရယူထားခဲ့သည့် ၎င်း၏ ပါတီခေါင်းဆောင်ရာထူးသက်တမ်းကို ထပ်မံတိုးမြှင့်သွားနိုင်မည်ဖြစ်သည်။

အသက် (၆၆)နှစ်ရှိ ဆူရင်ပစ်ဆူဝန်သည် ¤င်း၏ဇာတိ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ နာခွန်ဆရီ သာမာရက်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာစဉ်ကတည်းက ဝါရင့် ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သည်။

လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လာမည့် ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲကျင်းပသွားမည်ဟု ကတိပြုပြောကြားခဲ့ပြီး ရွေးကောက်ပွဲတွင် ၎င်းကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အစိုးရအဖွဲ့အကြီးအကဲအဖြစ် ပြန်လည်ထမ်းဆောင်မည်ဟူသော ထင်ကြေးပေး ပြောဆိုမှုများကိုလည်း ငြင်းဆိုသွားခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment