Saturday, January 2, 2016

(၅၄) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလာ့း တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ






့နေပြည်တော် ဇန်နဝါရီ ၁

့(၅၄) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

့ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အသင်းများဖြစ်သည်နှင့်အညီ ခြေရည်တူစွာ တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

့အဆိုပါဘောလုံးပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) ရုံး/ဌာနများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တပ်မတော် ဘောလုံးအကယ်ဒမီမှ သင်တန်းသားများနှင့် အားကစားဝါသနာရှင်ပရိသတ် များ တက်ရောက်အားပေးကြသည်။

့ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပြုလုပ်ရာ တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသော အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်အသင်းနှင့် (က)အဆင့် ပြိုင်ပွဲတွင် တတိယဆုရရှိသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့အား ငွေသားဆုနှင့် တစ်ဦးချင်းဆုများကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး ကလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အမှတ်(၁၁)ခြေမြန် တပ်မဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့အား ငွေသားဆုနှင့်တစ်ဦးချင်း ဆုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက လည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု (ဃ)အသင်းအား တစ်ဦးချင်းဆုများ၊ (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းအား တစ်ဦးချင်းဆုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကလည်းကောင်း ဆုများချီးမြှင့်သည်။

့ဆက်လက်၍ (ခ)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိ သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့အား ဆုဖလားနှင့်ငွေသား ဆုများကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းက လည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံး ရရှိသူများ အား ဆုကလပ်နှင့်ငွေသားဆုများကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်က လည်းကောင်း၊ (က)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးရရှိသူများ အား ဆုကလပ်နှင့်ငွေသားဆုများကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းကလည်းကောင်း ဆုများချီးမြှင့်ကြ သည်။
့ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (ခ)အဆင့်တွင် ပထမဆုရရှိသော ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်ကိုယ်စားပြု (ဃ)အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့် သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (က)အဆင့်တွင် ပထမဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွား ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

့အဆိုပါ (၅၄) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (က)အဆင့်ပြိုင်ပွဲနှင့် (ခ)အဆင့် ပြိုင်ပွဲခွဲခြားကာ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ် များအလိုက် ဇုန်များခွဲ၍လည်းကောင်း (နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌) ဒုတိယအဆင့်ရှုံး/ထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ များအား ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ (က)အဆင့်နှင့်(ခ)အဆင့်ပြိုင်ပွဲဝင်အသင်း ရှစ်သင်းစီဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့တွင် ဗိုလ်လုပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

့ (မြဝတီ)

No comments:

Post a Comment