Wednesday, January 13, 2016

အစ္စတန်ဘူတွင် အသေခံဖောက်ခွဲတိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံး



Myanmaalinn's photo.
အစ္စတန်ဘူ ဇန်နဝါရီ ၁၂ 

အစ္စတန်ဘူမြို့လယ်ရှိ ကမ္ဘာ လှည့်ခရီးသည်များ လည်ပတ်ရာ သမိုင်းဝင်နေရာတွင် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသားများ အပါအဝင် လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ဆီးရီး ယားလူမျိုး အသေခံဖောက်ခွဲရေး သမားတစ်ဦး၏ လက်ချက်ဖြစ်ကြောင်း သမ္မတ တေယစ်အာဒိုဂန်က ပြောကြားသည်။
ဗလီဝတ်ကျောင်းပြာကြီးနှင့် ကမ္ဘာလှည့်ခရီးသည်များ အဓိက လာရောက်လည်ပတ်သည့် အကျော် ကြားဆုံးနေရာများတွင် ပါဝင်သည့် ဟာဂီယာဆိုဖီယာအနီးတွင် ဖြစ်ပွားခဲ့ သည့် ပေါက်ကွဲမှု၏နောက်ကွယ်တွင် အိုင်အက်စ်စစ်သွေးကြွများရှိနေသည် မှာ သေချာသလောက်ဖြစ်ကြောင်း တူရကီ လုံခြုံရေးအရာရှိနှစ်ဦးက ရိုက်တာသို့ ပြောကြားသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူလ်တန်နာမက်ရင်ပြင်တွင် ရုပ် အလောင်းများ ပြန့်ကြဲသွားခဲ့သည်။ ကိုယ်ခန္ခာအစိတ်အပိုင်းများကိုလည်း တွေ့မြင်ခဲ့ရကြောင်း အခင်းဖြစ်ပွားရာ နေရာရှိ မျက်မြင်တစ်ဦးဖြစ်သူ ရဲတပ်ဖွဲ့ဝင်ကပြောသည်။
ဆီးရီးယားလူမျိုးအသေခံဖောက် ခွဲရေးသမား၏ အစ္စတန်ဘူတွင် အကြမ်းဖက်တိုက်ခိုက်မှုကို မိမိရှုတ်ချ ကြောင်း သမ္မတအာဒိုဂန်က ရုပ်မြင် သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားသည်။

(ရိုက်တာ)

No comments:

Post a Comment