Wednesday, January 13, 2016

စီးပွားရေးအရပြောင်းရွှေ့အခြေချသူများ သြစတြီးယားနိုင်ငံအတွင်း မ၀င်ရောက်စေရေး နယ်စပ်တွင်တင်းကျပ်



Myanmaalinn's photo.
ဗီယင်နာ ဇန်နဝါရီ ၁၂

ပြောင်းရွှေ့အခြေချနေထိုင်မှုကို လျှော့ချနိုင်ရေး သြစတြီးယားနိုင်ငံသည် စီးပွားရေးအရ ရွှေ့ပြောင်း အခြေချသူများကို နိုင်ငံအတွင်း မဝင်ရောက်နိုင်စေရန် နယ်စပ်တစ်လျှောက်တွင် တင်းကျပ်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်သည်ဟု အစိုးရအဖွဲ့ အကြီးအကဲ ဝီနာဖေမန်းက ပြောသည်။
လွန်ခဲ့သောနှစ်က အရှေ့အလယ်ပိုင်းဒေသနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ ရာပေါင်းများစွာသော လူများ သည် ဆင်းရဲမွဲတေမှုနှင့် နိုင်ငံအတွင်း ပဋိပက္ခများကြောင့် သြစတြီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
လူပေါင်း ၉ဝဝဝဝ ဝန်းကျင်သည် သြစတြီးယား နိုင်ငံအတွင်း ခိုလှုံခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံသူ ၈ ဒသမ ၅ သန်းထိ ရှိလာသည်။ ဤအရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် သုံးဆ ပို၍များပြားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် သောအချက်အလက်များအရ သိရသည်။
ယခုအချိန်အခါ၌ သြစတြီးယားနိုင်ငံအနေဖြင့် ဂျာမနီနှင့်အတူပူးပေါင်း၍ ပိုမိုတင်းကျပ်သောမူဝါဒ ချမှတ်ရမည်ဖြစ်ကြောင်း၊ ယင်းမူဝါဒမှာ စီးပွားရေး ကြောင့် ပြောင်းရွှေ့လာသူများကို နေရပ်သို့ ပြန်ပို့ရမည် ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူအရေအတွက်ကို လျှော့ချ ရမည်ဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ဦးဖြစ်သူ ဖေမန်းက အင်္ဂါနေ့၌ ပြုလုပ်သော အင်တာဗျူးတွင် ပြောသည်။
သြစတြီးယားနိုင်ငံအနေဖြင့် စစ်ကြောင့်ရွှေ့ပြောင်း လာသူနှင့် စီးပွားရေးအခြေအနေကြောင့် ရွှေ့ပြောင်း လာသူများကို ခွဲခြားနိုင်မည့်တရားဝင် မူဘောင်တစ်ရပ် ကို ရှာဖွေရန်လိုအပ်ကြောင်း ၄င်းက ထပ်ပြောသည်။
လွန်ခဲ့သောလက ရွှေ့ပြောင်းအခြေချနေထိုင်ရန် သတ်မှတ်ချက်များနှင့် မပြည့်စုံသူများကို နိုင်ငံ အတွင်းမှ နှင်ထုတ်ရန် ၄င်းက ပြောခဲ့သည်။ ဂျာမနီနိုင်ငံ တွင် နှစ်သစ်ကူးညက အမျိုးသမီးများ ပစ်မှတ်ထား တိုက်ခိုက်ခံရသည့်အတွက် မကျေနပ်မှုများ များစွာ ဖြစ်ပေါ်လျက်ရှိပြီး ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် နှင့် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်း နေထိုင် ခွင့်ပေးသည့် ၎င်း၏ မူဝါဒအပေါ် ဖိအားများစွာ သက် ရောက်လျက်ရှိသည်။

(ရိုက်တာ)

No comments:

Post a Comment