Saturday, January 2, 2016

ကျေးရွာများတွင် မိုးစပါးများရိတ်သိမ်းခြွေလှေ့ရာ၌ ကျွဲ၊ နွားအသုံးပြုမှုနည်းလာပြီး စက်အားကို အသုံးများလာ


The Mirror Daily's photo.
ဖြူး ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူး မြို့နယ်အတွင်း ၂ဝ၁၅ ခုနှစ် မိုးရာသီစပါးများ ကို စိုက်ဧက တစ်သိန်းခွဲကျော်အထိ စိုက်ပျိုးခဲ့ကြရာ နိုဝင်ဘာလအတွင်း မိုးစပါး များမှာ ရင့်မှည့်ကြသဖြင့် ကျွဲ၊ နွား မလုံလောက်မှုနှင့် လယ်ယာလုပ်သားရှားပါးမှုတို့ကြောင့် ယခုနှစ်တွင် မိုးစပါးများရိတ်သိမ်း ခြွေလှေ့ချိန်တွင် စက်များကို အသုံးပြုမှုများ လာသည်ကို တွေ့ရှိရပြီး လုပ်ငန်းများမှာလည်း ပိုမိုမြန်ဆန်စွာ ထိရောက်ကြသည်ဟု သိရသည်။
အထူးသဖြင့် စပါးများ ရိတ်သိမ်း ပြီးလျှင်ပြီးချင်း ကောက်လှိုင်းများကိုကောက် ဆိုင်ပုံများ ပုံထားကြပြီး မတ်ပဲရာသီအမီ မြေအစိုဓာတ်မဆုတ်ခင် ထွန်စက်များဖြင့် မြန်ဆန်ထွန်ယက်စိုက်ပျိုးခဲ့ကြရာ ဖြူးမြို့နယ် တွင် မတ်ပဲစိုက်ဧက တစ်သိန်းကျော်စိုက်ပျိုးနိုင်ခဲ့ကြသည်။
ယခုအချိန်တွင် မတ်ပဲများ စိုက်ပျိုး ပြီးစီးကြပြီဖြစ်၍ ကောက်ဆိုင်ပုံထားသော ရိတ်သိမ်းပြီးစပါးများကို စက်များဖြင့် စပါးနယ်ကြပြီး နယ်ပြီးစပါးများကို ခြွေလှေ့ရာတွင် ယခင်က သဘာဝလေကို စောင့်မျှော်၍ စပါးလှေ့ခဲ့ကြသော်လည်း ယခု အခါ သဘာဝလေကို စောင့်စရာမလိုတော့ဘဲ စက်တွင် ပန်ကာတပ်၍ စပါးများလှေ့ကြသဖြင့် အချိန်တိုအတွင်း စပါးများ သန့်စင်စွာ လှေ့ယူနိုင်ခဲ့ကြသဖြင့် လယ်သမားကြီးများ လယ်ယာလုပ်ငန်းခွင်တွင် စက်များကိုသာ အားထား အသုံးပြုမှုများလာကြသည်ကို တွေ့ရသည်။

(ဖြူးမြင့်ဦး)

No comments:

Post a Comment