Saturday, January 2, 2016

ကောလင်းမြို့နယ် ဥက္ကံ-ကြို့ပင် ကျောက်ချောလမ်းခင်း



The Mirror Daily's photo.
ကောလင်း ဇန်နဝါရီ ၁
ကောလင်းမြို့နယ် အနောက်ခြမ်းဒေသ သရက်ချဉ်ကျေးရွာနှင့် မူးတိမ် ကျေးရွာတို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၈၇ ဒသမ၂၃ သန်းဖြင့် ကျောက်ချောလမ်းခင်းလျက်ရှိသည်။ သရက်ချဉ် နှင့် မူးတိမ်ရွာလမ်း၏အရှည်မှာ သုံးမိုင်ရှိပြီး အကျယ် ၁၂ ပေအကျယ်ရှိသည်။ လက်ရှိတွင် လမ်း၏ ၆ဝ ရာခိုင်နှုန်းကို ကျောက်ခင်းလမ်းအဖြစ်ခင်းပြီးသည် ဟု သိရှိရပြီး မြင့်မိုရ်သူကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိသည်။
အဆိုပါ လမ်းပိုင်းသည် နှစ်စဉ်မိုးရာသီကာလ၌ မြေသားလမ်းဖြစ်၍ ရေနစ်မြုပ်မှုများဖြစ်ပေါ်ကာ လမ်းများသည် ရွှံ့ညွန်များဖြင့်ဗွက်ထကာ ဒေသခံပြည်သူများနှင့် ဥက္ကံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ပညာသင်ကြားကြသည့် ကျောင်းသား ကျောင်းသူမျာ သွားလာရေးခက်ခဲ့ကြသည်။ အဆိုပါ ကျောက်ချောလမ်းခင်းပြီးပါက ကြို့ပင်အုပ်စုနှင့် သရက်ချဉ်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ ဥက္ကံကျေးရွာသို့ ရာသီမရွေးသွားလာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းလူမင်း(မီဒီယာဂရု)

No comments:

Post a Comment