Saturday, January 2, 2016

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်း






The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက်ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ၏ပြည်ပခရီးစဉ်ကို မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းနှစ်ခု မှတ်တမ်းတင်ခြင်း၊ ကျေးရွာများ တိုးတက်ပြင်ဆင်ခြင်းကို မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းသုံးခု လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် အစီရင်ခံစာတစ်ခု အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သည့်(၂၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်း သဝဏ်လွှာ၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူသည့် ပိုးသတ်ဆေးဥပဒေကြမ်း၊ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်း၊ ကရင်ပြည်နယ် အတွင်းရှိ ကျေးရွာ(၃၃)ရွာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၂၇)ရွာ တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများဥပဒေကြမ်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေကြမ်းနှင့် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်းတို့ကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ်ရယူအတည်ပြုသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း ၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ဝန်ကြီးဌာန များ၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်အတွင်း အမျိုးသားစီမံကိန်းဆောင်ရွက်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်မှုများအပေါ် အသေးစိတ် ရှင်းလင်းပြောကြားပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ်နှင့် ဘဏ္ဍာနှစ်တစ်နှစ်လုံး၏ အကောင်အထည် ဖော်မှုကို ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းကော်မတီက အစီရင်ခံစာကို သဘောတူလက်ခံရန်အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။
(သတင်းစဉ်)

No comments:

Post a Comment