Tuesday, January 12, 2016

မံအင်-မံလောင်ချောင်းကြီးချောင်းကိုဖြတ်သန်းကာ ဘေလီတံတားတစ်စင်း ကိုယ့်အားကိုယ်ကိုး တည်ဆောက်


The Mirror Daily's photo.
ဗန်းမောက် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံအင်-မင်းကုန်းကျေးရွာအုပ်စု သရက်ကုန်း-ကူးဆိပ်ရွာတွင် မံအင်-မံလောင်ချောင်း ကြီးချောင်းကို ဖြတ်သန်းကာ သံပေါင်သစ်သားခင်း ဘေလီတံတားကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်လျက်ရှိရာ တံတားတည်ဆောက်ပြီးစီးပါက ဒေသအတွင်းဆက်သွယ် သွားလာရေးအထူးကောင်းမွန်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့မှာ များစွာ ဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်သည် သဘာဝတောတောင်လျှိုမြောင်များ ပေါများ
သည့်အလျောက် ချောင်းကြီးချောင်းတွင် မိုးရာသီ ရေကြီးရေလျှံမှုဖြစ်ကာ
တံတားများသည် နှစ်စဉ် ရေစီးထဲမျှောပါခဲ့ရသည့်အတွက် ခိုင်ခံ့သော
တံတားကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်နိုင်ရန် ဒေသခံများကြိုးပမ်း ဆောင်ရွက်လာကြသည်။ မံအင်-မံလောင်ချောင်းကြီးချောင်းသည် မိုးရာသီတွင် ရေကြီးရေလျှံမှုမှာ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပြီး ခိုင်ခံ့သော သံပေါင် ဘေလီကွန်ကရစ်တံတား တည်ဆောက်ရန်လိုအပ်သည့်အတွက် မံအင်-မင်းကုန်း ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူး ဦးတင်ဖေနှင့်အဖွဲ့၊ တံတားဖြစ်မြောက်ရေး အကျိုးတော်
ဆောင်အဖွဲ့နှင့် စေတနာအလှူရှင်များက ဗန်းမောက်မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုကိုခံယူကာ ရေကြီးရေလျှံသော ချောင်း
ကြီးချောင်းကို ဖြတ်သန်း၍ တည်ဆောက်မည့် ကြိုးတံတားနေရာတွင်
သံပေါင် ဘေလီတံတားကို တည်ဆောက်ရန်အတွက် မံအင်-မင်းကုန်း
ကျေးရွာအုပ်စု ကူးဆိပ်ရွာအရှေ့ကုန်းတွင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်
က ပန္နက်တင်မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့သည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင်တံတားကြီး တည်ဆောက်ရန်အတွက် ကမ်းကပ်ခုံ ဖောင်ဒေးရှင်းကွန်ကရစ်ခုံကို စတင်ဆောင်ရွက်လျက်ရှိသည်။
''အခုလောလောဆယ်မှာတော့ တံတားဆောက်လုပ်ရာမှာအဓိက လို
အပ်နေတာက ယက်မသံပေါင်ပါ။ ဒါကို အမြန်ဆုံးရရှိဖို့ သက်ဆိုင်ရာကို
အကူအညီတောင်းခံထားပြီး အချိန်သုံးလအတွင်းမှာ အပြီးဆောက်လုပ်
သွားမှာဖြစ်တယ်'' ဟု မံအင်-မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးတင်ဖေက ပြောသည်။
အဆိုပါတံတား တည်ဆောက်ပြီးစီးသွားပါ ဗန်းမောက်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့သို့ ဆက်သွယ်သွားလာနိုင်မှာ ဖြစ်သည့်အတွက် ဒေသအတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့တွင် များစွာ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဗန်မောက်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် သဘာဝတွင်း
ထွက်ရတနာများ အလျှံပယ်ထွက်ရှိရာဒေသကြီးဖြစ်ပြီး အဖိုးတန် ကျွန်း
သစ်များနှင့်အတူ အင်ကြင်း၊ တမလန်း၊ ပိတောက်ကဲ့သို့သော သစ်မာ
ပင်အမျိုးအစားများ၊ ကြိမ်အမျိုးမျိုး၊ဝါးအမျိုးမျိုး၊ အဖိုးတန်သစ်ခွပင်များ၊
တန်ဖိုးကြီးသစ်မွှေးပင်များ၊ ရွှေနှင့် အဖိုးတန်သတ္တုများ ထွက်ရှိရာ
သဘာဝစိမ့်စမ်းတောတောင် လျှိုမြောင်နှင့် ရေတံခွန်ပေါများလျက်ရှိ
ကြောင်း သိရသည်။
နီတိုး

No comments:

Post a Comment