Friday, January 1, 2016

ယူကရိန်းနိုင်ငံ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဇန်နဝါရီလအစောပိုင်းထိ ဆက်လက်တည်မြဲရေး သဘောတူညီမှုရရှိ




The Mirror Daily's photo.


မော်စကို ဒီဇင်ဘာ ၃၁

ယူကရိန်းနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဇန်နဝါရီလ အစောပိုင်းအချိန်ထိ ဆက်လက်တည်မြဲရေးအတွက် ပြင်သစ်၊ ဂျာမနီ၊ ယူကရိန်းနှင့် ရုရှား နိုင်ငံ ခေါင်းဆောင်များက ဒီဇင်ဘာ ၃ဝ ရက် က သဘောတူညီခဲ့ကြောင်း သိရသည်။

နိုင်ငံခေါင်းဆောင်များက တယ်လီဖုန်း လိုင်းများမှတစ်ဆင့် အဆိုပါသဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများက ဇန်နဝါရီလ တတိယပတ်ခန့် တွင် ယူကရိန်းနိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းတပ်မတော်နှင့် ရုရှားထောက် ခံသည့် ယူကရိန်းခွဲထွက်ရေးသမားများသည် အရှေ့ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့သည်။ သို့သော် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်။

ယူကရိန်းတပ်ဖွဲ့နှင့် ရုရှားထောက်ခံ သော ယူကရိန်းခွဲထွက်ရေးသမားတို့အကြား ငြိမ်းချမ်းရေးသဘောတူညီမှုရရှိခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ခြင်း အပြင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အရှေ့ ပိုင်းဒေသတွင် ဒေသန္တရရွေးကောက်ပွဲများ ကျင်းပပေးခြင်းတို့ကြောင့်ဖြစ်သည်။

ရုရှားထောက်ခံသော ယူကရိန်းခွဲထွက် ရေးသမားများ၏ ဆန့်ကျင်မှုများကြောင့် ယူကရိန်းအစိုးရအနေဖြင့် နိုင်ငံအတွင်း မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးလုပ်ဆောင် ချက်များ လုပ်ဆောင်ရန်အတွက် ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။ အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment