Saturday, January 2, 2016

တာမွေမြို့နယ်၌ စွန့်ပစ်ပစ္စည်းဆိုင်ရာ လူထုအသိပညာပေးပွဲကျင်းပ


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာနမှူး၏ စီစဉ်မှုဖြင့်ဒုတိယဌာနမှူး ဦးစောဝင်းမောင် ဦးဆောင်ကာ
လက်ထောက်ဌာနမှူး ဒေါက်တာအောင် မြင့်မော်၊ ဌာနခွဲမှူး ဒေါ်သန်းသန်းဝင်း
ဒုတိယခရိုင်မှူးဦးတင်မြ၊ ဌာနစုမှူး ဒေါက်တာမိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက်ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီက တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်သမစာရီဓမ္မာရုံ၌ စွန့်ပစ်ပစ္စည်းဆိုင်ရာလူထုအသိပညာပေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဒုတိယဌာနမှူးက အဖွင့်အမှာစကား ပြောကြားပေးပြီး လက်ထောက်ဌာနမှူးက အမှိုက်သိမ်းစည်းမှုနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်း
ပြောကြားပေးသည်။
ဆက်လက်၍ အီတလီနိုင်ငံအခြေစိုက NGO အဖွဲ့ဖြစ်သည့် CESVI မှ အသိပညာစည်းရုံးမြှင့်တင်ရေးမှူး ဦးမင်းနေဟန်ကအမှိုက်စနစ်တကျ စွန့်ပစ်မှု၏ ရလဒ်နှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၏ ဆိုးကျိုးများကို နှိုင်းယှဉ်ဆွေးနွေး ပညာပေးခဲ့သည်။
ရပ်ကွက်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးရဲခေါင်မှလည်း ရပ်ကွက် အတွင်း မှီတင်းနေထိုင်ကြသည့် မိသားစုဝင်များအား စည်းကမ်းမဲ့အမှိုက်မပစ်ဖို့ စည်းရုံးပြောကြားခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူများက ရပ်ကွက်အတွင်းစိတ်ပါဝင်စားသူ
များ၊ ဗျိုင်းရေအိုးစင်ကွက်သစ်နှင့် ဗျိုင်းရေအိုးစင်ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊
ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုး
သမီးရေးရာအဖွဲ့ဝင်များက ရပ်ကွက်နှစ်ရပ်ကွက်အတွင်း အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများ ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြသည်။
''သန့်ရှင်းရေးလုပ်ငန်းတွေမှာ ပြည်သူတွေက အသိတရားရှိရှိနဲ့ ပါဝင်လုပ်ကိုင်ကြမယ်ဆိုရင် သန့်ရှင်းသာယာတဲ့ ပတ်ဝန်းကျင်ရရှိမှာပါ။ ဒီရပ်ကွက် လမ်းဘေးဝဲယာမှာ ၆၆ဝ လီတာ အမှိုက်ပုံးကြီး ၃၂ ပုံးကိုလမ်းသွားလမ်းလာပြည်သူတွေ အမှိုက်အလွယ်တကူ စွန့်ပစ်နိုင်ဖို့ ချထားပေးပါတယ်။ နေ့စဉ် လှည်းနဲ့ခေါင်းလောင်းတီးပြီးနံနက် ၈ နာရီကနေပြီး ၁ဝ နာရီထိလိုက်လံသိမ်းစည်းပေးနေတဲ့အတွက် စည်းကမ်းမဲ့ မစွန့်ပစ်ဖို့လိုအပ်ပါတယ်'' ဟု မြို့နယ်
သန့်ရှင်းရေးတာဝန်ခံ ဦးမျိုးဝင်းဦးက ပြောသည်။
အဆိုပါ အမှိုက်စွန့်ပစ်မှုပညာပေးခြင်းနှင့် အမှိုက်ကောက်သန့်ရှင်းရေးအစီအစဉ်တွင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြသည်။
၅၉၇

No comments:

Post a Comment