မန်ယူအသင်းသည် ပရီမီယာလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား အေဒင်ဟာဇက်ကို ခေါ်ယူရန်ရည်ရွယ်ထားကြောင်း ဒေးလီး စတားက သတင်း ဖော်ပြထားသည်။
မန်ယူအသင်းသည် ချယ်လ်ဆီးကွင်းလယ် ကစားသမားဟာဇက်အား ယခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန်စီစဉ်ထားပြီး မန်ယူအသင်းပိုင်ရှင် ဖြစ်သည့် ဂလေဇာမိသားစုကလည်း ချယ်လ်ဆီး ကြယ်ပွင့်ဟာဇက်အား တစ်ပတ်လုပ်ခလစာပေါင် ၂၅ဝဝဝဝ ဖြင့် အိုးထရက်ဖို့ဒ်သို့ အရောက်ခေါ်ယူရန် မန်ယူအသင်း၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်အား ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါဈေးနှုန်းဖြင့် ခေါ်ယူခဲ့ပါက ကွင်းလယ်ကစားသမား ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် လက်ရှိရထားသည့် လစာထက် တစ်ပတ်လျှင် ပေါင် ၅ဝဝဝဝ တိုးမြင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ သို့ရာတွင် ဟာဇက်သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက ၂ဝ၂ဝ ခုနှစ် အထိ ချယ်လ်ဆီးအသင်း၌ ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်ကို ထပ်တိုးချုပ်ဆိုထားပြီးဖြစ်သည်။
ငွေကြယ် - ရေးသားသည်
No comments:
Post a Comment