Sunday, January 31, 2016

ဆီးရီးယားအတိုက်အခံငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူ ရုရှားကျောထောက်နောက်ခံ လေကြောင်းတိုက်ခိုက်မှု ရပ်ဆိုင်းရမည်ဆို



Myanmaalinn's photo.
ဂျီနီဗာ ဇန်နဝါရီ ၃ဝ

ဆီးရီးယားအတိုက်အခံအုပ်စုက လေးနှစ်ကြာ ပြည်တွင်းစစ်အဆုံး သတ်ရန် သောကြာနေ့က ငြိမ်းချမ်း ရေးဆွေးနွေးပွဲ စတင်ဖွင့်လှစ်ရာ ကုလသမဂ္ဂဌာနချုပ်ရှိရာ ဂျီနီဗာသို့ သွားရောက်ရန် သဘောတူလိုက်ပြီ ဖြစ်သည်။
သို့သော်လည်း သမ္မတ ဘတ်ရှာအယ်လ်အာဆတ်၏ ပြိုင်ဘက် များက မြေပြင်အခြေအနေတွင် ရုရှား ကျောထောက်နောက်ခံ ဆီးရီးယားအစိုးရတပ်များ၏ ထိုးစစ် ကိုရင်ဆိုင်နေရပြီး ထောင်ပေါင်းများ စွာသော အရပ်သားများဘေးကင်း ရာသို့ ထွက်ပြေးနေကြရကြောင်း၊ ဒမတ်စကတ် ဆင်ခြေဖုံးကို ပြန် သိမ်းရန် ကြိုးစားနေကြကြောင်း အတိုက်အခံများက ပြောသည်။
ဆီးရီးယားအစိုးရနှင့် အတိုက် အခံအုပ်စုများကို သီးခြားစီတွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း အမေရိကန်သံအမတ်ကြီး စတီဖန် ဒီမစ်စတူရာက ပြောသည်။ နောက် ဆုံးအချိန်အထိ တိုင်အောင် အတိုက် အခံညှိနှိုင်းရေးကော်မတီ (အိတ်ခ်ျ အင်န်စီ)က ဂျီနီဗာသို့ သွားရန် ငြင်းဆိုထားခဲ့သည်။
အာဆတ်၏ လက်နက်နှင့်နိုင်ငံ ရေးပြိုင်ဘက်နှစ်ခုစလုံးက လေ ကြောင်း တိုက်ခိုက်မှုကို အဆုံး သတ်ရန်လိုကြောင်း အခိုင်အမာ ပြောဆိုလိုက်သည်။
ထို့အပြင် ဆွေးနွေးပွဲ မစတင်မီ မြို့များကို ဝိုင်းရံပိတ်ဆို့မှုများကို ဖယ်ရှားပြီး ဖမ်းဆီးထားသူများအား လွှတ်ပေးမည်ဟု ဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment