Sunday, January 31, 2016

အာဖဂန်သတင်းထောက်တစ်ဦး ပစ်သတ်ခံရ



Myanmaalinn's photo.
ဂျာလာလာဘတ် ဇန်နဝါရီ ၃ဝ

အာဖဂန်သတင်းထောက်တစ်ဦး အာဖဂန်အရှေ့ဘက်ပြည်နယ်နန်ဂါဟာတွင် ပစ်သတ်ခံရကြောင်း ပြည်နယ် အစိုးရက ဇန်နဝါရီ ၃ဝ ရက်တွင် ပြောခဲ့သည်။
အမည်မသိသေနတ်သမားများက ဆာ့ခ်ရော့ဒ်ပြည်နယ်လမ်းတစ်ခုတွင် သတင်းထောက်ဖြစ်သူ မိုဟာမက်ဇူဘား ခါဆာ၏ ကားကိုသေနတ်များဖြင့် ပစ်ခတ်သွားကြောင်း ပြည်နယ်အစိုးရထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။
နာမည်ကြီးကဗျာဆရာလည်းဖြစ်သူ ခါဆာသည် သတင်းထောက်အဖြစ် နိုင်ငံပိုင်ရုပ်သံတွင် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင်၎င်းသည် ပြည်နယ်အစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာအကြံပေးလည်းဖြစ်ကြောင်း သိရသည်။ မြို့တော်ဝန် ကန်ဒိုဇိုင်က ယင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ အခင်းဖြစ်ပွားမှုကို ဒေသဆိုင်ရာ အာဏာပိုင်များက စုံစမ်းနေကြောင်းသိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment