Sunday, January 31, 2016

ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ်တို့မှတစ်ဆင့် လက်နက်နှင့်မူးယစ်ဆေးရောင်းချခြင်းကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတားမြစ်



Myanmaalinn's photo.
ဝါရှင်တန် ဇန်နဝါရီ ၃ဝ 

ကမ္ဘာအရပ်ရပ်မှ ဖေ့စ်ဘွတ်ခ် သုံးစွဲသူများသည် ဖေ့စ်ဘွတ်ခ်လူမှု ရေးကွန်ရက်နှင့် အင်စတာဂရမ်တို့မှ တစ်ဆင့် ပုဂ္ဂလိကဆိုင်ရာ လက်နက် ရောင်းချမှုပြုလုပ်ခြင်းကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက တားမြစ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ခုတွင် ဖော်ပြ သည်။
အမေရိကန်ပြည်ထောင်စုတွင် လက်နက်ဆိုင်ရာ ပဋိပက္ခများဖြစ် ပွားနေချိန် အမေရိကန်သမ္မတ အိုဘားမားကလည်း လူမှုမီဒီယာများ ကို လက်နက်ရောင်းချခြင်းများလျှော့ ချရန် တိုက်တွန်းလိုက်ပြီးနောက် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
၂ဝ၁၄ ခုနှစ်က စတင်ခဲ့သော ဖေ့စ်ဘွတ်ခ်၏ ကုန်ပစ္စည်းဆိုင်ရာ မူဝါဒများတွင် ဆေးခြောက်၊ မူးယစ် ထုံထိုင်းဆေးများနှင့် လက်နက်တရား မဝင်ရောင်းချခြင်းများကို တားဆီး ပိတ်ပင်ကြောင်း ဖော်ပြပါရှိ သည်။
ထို့အပြင် ပုဂ္ဂလိကလက်နက် ရောင်းသူများကိုလည်း ဖေ့စ်ဘွတ်ခ် တွင် ကြေညာခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်ကျော်က လူများသည် ဖေ့စ်ဘွတ်ခ်ကို အသုံးပြု ကာ ကုန်ပစ္စည်းဝယ်ယူရောင်းချခြင်း များ ပိုမိုပြုလုပ်လာကြကြောင်း ဖေ့စ်ဘွတ်ခ်မူဝါဒဆိုင်ရာ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
လူသားများအတွက် ပိုမိုကောင်း စေမည့် နည်းပညာသစ်များ ဖွံ့ဖြိုး တိုးတက်စေရန် ဆက်လက်ကြိုးစား နေကြောင်း၊ ကုန်ပစ္စည်းသစ်များကို အစဉ်အမြဲမိတ်ဆက်ပေးနေကြောင်း၊ ထုတ်လုပ်မှုများကိုလည်း အမြဲအဆင့် မြှင့်တင်နေကြောင်း ၄င်းက ဆက် လက်ပြောကြားသည်။
ဖေ့စ်ဘွတ်ခ်သည် ကမ္ဘာ့အကျော် ကြားဆုံး လူမှုရေးဝက်ဘ်ဆိုက် တစ်ခုဖြစ်ကာ ကမ္ဘာတစ်ဝန်း လူ ပေါင်း ၁ ဒသမ ၅၉ ဘီလီယံ အသုံး ပြုလျက်ရှိပြီး ၂၁၉ သန်းမှာ အမေ ရိကန်ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့မှ ဖြစ်သည်။

(ရိုက်တာ)

No comments:

Post a Comment