Monday, January 11, 2016

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ စုံညီစည်းဝေး




The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၁ဝ

၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ စုံညီအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake Views Resort ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးအတွက် လိုအပ်သည့်အချက်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment