Monday, January 11, 2016

ၾသစေၾတးလ် အနောက်တောင်ပိုင်း၌ တောမီးလောင်၊ လူ နှစ်ဦးသေ


The Mirror Daily's photo.
ပါ့သ် ဇန်နဝါရီ ၁၀
သြစတြေးလျနိုင်ငံ အနောက်တောင်ပိုင်း၌ တောမီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံ ၁၂၁ လုံးထက်မနည်း ပျက်စီးခဲ့ရပြီး နှစ်ဦးသေဆုံးကာ လူတစ်ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း၊ တောမီးမှာ ထိန်းချုပ်၍ မရဘဲ ဆက်လက်လောင်ကျွမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁ဝ ရက်တွင် ပြောကြားသည်။
မြို့တော်ပါ့သ်၏ တောင်ဘက် ကီလိုမီတာ ၁၂ဝ (၇၅မိုင်)အကွာ သမိုင်းဝင်သစ်စက်တည်ရာ ယာလွတ် မြို့ငယ်၌ မီးလောင်ခံခဲ့ရသော အဆောက်အအုံများကို အာဏာပိုင်များက ရှာဖွေရာတွင် အမျိုးသားနှစ်ဦး၏ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ရသည်။ ယာလွတ်မြို့မှာ ဇန်နဝါရီ ၇ ရက်က မီးဝါးမြို့ခံခဲ့ရသည်။ အသက် ၇ဝ ကျော်ရှိမည်ဟု ခန့်မှန်းရသောအမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ၄င်းတို့ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိပေ။
အာဏာပိုင်များက အရေးပေါ်အခြေအနေကြေညာ ထားပြီး အနီးအပါးရှိ မြို့ငယ် ငါးခုမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အဆိုပါမြို့များမှာ အမဲသား၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် ဒေသ၌ တည်ရှိသည်။
ရိုက်တာ။

No comments:

Post a Comment