မြစ်ကြီးနား ဇန်နဝါရီ ၁ဝ
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ မြစ်ကြီးနား မနောကော်မတီမှ ပူးပေါင်းကာ(၆၈)နှစ် မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားပြီး တက်ရောက်လာသူများက မြက်ခင်းပြင်အတွင်း ထောင်ကာအက၊ မနောအကများဖြင့် တပျော်တပါးဆင်နွှဲခဲ့ကြသည်။
မိုဃ်းကျ(မြစ်ကြီးနား)
No comments:
Post a Comment