မိုးညှင်း ဇန်နဝါရီ ၉
ကချင်ပြည်နယ် မိုညှင်းမြို့နယ် ပင်လုံအုပ်စု မော်ဟဲကျေးရွာတွင် ဇန်နဝါရီ ၈ ရက်က သုံးဘီးဆိုင်ကယ် နှင့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ လေးဦးစလုံးဒဏ်ရာရရှိ ခဲ့သဖြင့် မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသပေးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၈ နာရီ ခွဲခန့်က မော်ဟဲမှမိုးညှင်းဘက်သို့ ဗိုလ်မြင့်နိုင် (၂၃)နှစ် ပင်လုံရွာ မိုးညှင်းမြို့နယ်နေသူ မောင်းနှင်ပြီး ဦးမြင့်အောင် (၆၃)နှစ် လိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်နှင့် မိုးညှင်းဘက်မှ မော်ဟန်ရွာဘက်သို့ သိန်းစိုး (၂၅)နှစ် မြိုင်သာယာရွာ မိုးညှင်းမြို့နယ်မောင်းနှင်ပြီး ဦးကျော်ထွန်း(၅၈)နှစ် နောက်မှလိုက်ပါလာသော Feilling 125 ဆိုင်ကယ်တို့သည် ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် (၁၇၁/၁-၂) အကြားတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ၎င်းတို့လေးဦးစလုံးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင် ကုသလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(နီတိုး)
No comments:
Post a Comment