အဂတိနှင့်ကိုယ်ကျင့်တရား
လူတစ်ဦးတစ်ယောက်အနေဖြင့် ကိုယ်ကျင့်တရားသည် အရေးအကြီးဆုံးဖြစ်ပါသည်။
ကိုယ်ကျင့်တရားပျက်ပြားလျှင် အရာအားလုံးပျက်ပြားနိုင်ပါသည်။
ကိုယ်ကျင့်တရားသည် လူ့တန် ဖိုးပင်ဖြစ်ပါသည်။
ကောင်းမွန်သောကိုယ်ကျင့်တရားသည် ပစ္စုပ္ပန် တွင်သာမက သံသရာအထိ
ကောင်းကျိုးပေးနိုင်ပါသည်။
ထို့ကြောင့်လည်း ပညာရှိတို့က ''ဥစ္စာဓနဆုံးရှုံးလျှင် ဘာမှ မဆုံးရှုံးဟုမှတ်ပါ (When Wealth is lost, Nothing is lost)၊ ကျန်းမာရေးဆုံးရှုံးပြီဆိုလျှင် တစ်စုံတစ်ရာဆုံးရှုံးပြီဟုမှတ်ပါ(When Health is Lost, Something is lost)၊ ကိုယ်ကျင့် တရားဆုံးရှုံးပြီဆိုလျှင် အားလုံးဆုံးရှုံးပြီဟုမှတ်ပါ (When Character is Lost, Everything is Lost) ''ဟု ဆိုခြင်း ပင်ဖြစ်ပါသည်။ ကိုယ်ကျင့်တရားသည် လူသားတစ်ဦးအနေဖြင့် အရေးအကြီးဆုံးဖြစ်ပါသည်။
ဤသို့ဖြင့် ကိုယ်ကျင့်တရားကောင်းအောင် အဓိကလိုက်နာဆောင်ရွက်သင့်သောအချက်မှာ အဂတိတရားကင်းရှင်းရေး ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေကို ၂ဝ၁၃ ခုနှစ် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ရုပ်သိမ်းခဲ့ပါသည်။ ဤအဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေသည် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အာဏာသက်ရောက်ခဲ့ပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက် လျက်ရှိပါသည်။
ထိုသို့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရခြင်း၏ အဓိကရည် ရွယ်ချက်သည်ကား သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်အတွက်လည်းကောင်း၊ အများ ပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်စေရန်အတွက်လည်းကောင်း၊ အဂတိလိုက်စားမှု ကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံ သားများ၏အခွင့်အရေးနှင့် အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေး အကာအကွယ်ပေးရန်သော်လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ် ပါသည်။ ယခုအခါ အဂတိလိုက်စားသူများအား ထိရောက်စွာအရေး ယူဆောင်ရွက်နေပြီဖြစ်ပါသည်။
အဂတိတရားကင်းရှင်းအောင်ဆောင်ရွက်ခြင်းသည် မိမိ၏ဂုဏ်သိက္ခာကိုမြှင့်တင်ပေးရုံမက နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို တိုးပွားအောင် ဆောင်ရွက်ပေးရာရောက်ပါ သည်။ အဂတိလိုက်စားသူတစ်ဦးအနေဖြင့် တစ်ချိန်ချိန်တွင် မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းမည်။ နိုင်ငံတော်ပိုင်ပစ္စည်း များလည်း ဆုံးရှုံးမည်။ ပြည်သူများ၏အမှန်တရား လိုလားတောင့် တချက်များလည်း ထိခိုက်နိုင်ပါသည်။ သို့ဖြစ်၍ မိမိအတွက် လည်းအကျိုးရှိ၊ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို လည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည့်အတွက် လူတိုင်း လူတိုင်း ကိုယ်ကျင့်တရားကောင်းအောင် နေထိုင်ပြုမူဆောင်ရွက် သင့်ပါကြောင်း။ ။

No comments:
Post a Comment