သီဟ-ရေးသည်
အင်္ဂလန်ဖလားတစ်လုံးဖြစ်သည့် ကက်ပီတယ်ဝမ်း ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ
ကျင်းပခဲ့ရာ ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ဒုတိယအကျော့ပွဲစဉ်အဖြစ်
မန်စီးတီးနှင့် အဲဗာတန်တို့ယှဉ်ပြိုင်ခဲ့ရာ မန်စီးတီးက
သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက
ဒုတိယအကျော့ ပွဲစဉ်တစ်ပွဲဖြစ်သည့် လီဗာပူးနှင့်
စတုတ်စီးတီးတို့ပွဲတွင်လည်း နှစ်ကျော့ပေါင်း တစ်ဂိုးစီ သရေရလဒ်ဖြင့်
ပြီးဆုံးခဲ့ပြီး ပယ်နယ်တီ အဆုံး အဖြတ်ဖြင့် လီဗာပူးတို့ အနိုင်ရရှိကာ
ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး မန်စီးတီးနှင့် တွေ့ဆုံမည်ဖြစ်သည်။
ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် အဲဗာတန်အိမ်ကွင်း၌ မန်စီးတီးတို့ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ဒုတိယအကျော့ မန်စီးတီးအိမ်ကွင်း၌ မန်စီးတီးအသင်း ၄-၂-၃-၁ ကစား ကွက်ဖြင့် အဂူရို၊ ဖာဘီယန်၊ ဖာနန် ဒင်ဟို၊ စတာလင်း၊ ယာယာတိုရေး၊ ဆေးဗား၊ ဇာဘလတ်တာ၊ ကလစ်ချီ၊ ဒီမစ်ချယ်လီ၊ အော့တာမန်ဒီနှင့် ဂိုး- ကာဘယ်လီရို တို့ပါဝင်ခဲ့သည်။ အဲဗာ တန်အသင်းသည် ဒုတိအကျော့တွင် ကစားကွက်ပြောင်းကာ ၄-၄-၂ ပုံစံ ဖြင့် လူကာကူ၊ အော့စ်မန်း၊ ဘာက လေ၊ ဒျူလိုဖီး၊ ဘာရီ၊ ကာလီဗာလေ၊ လေတန်ဘိန်းစ်၊ မိုရီ၊ ဂျာဂျီကာ၊ ဂျွန်စတုန်းနှင့် ဂျိုးရိုဘလက်စ်တို့ ပွဲထွက်ခဲ့သည်။
ပွဲချိန် ၁၈ မိနစ်တွင် အဲဗာတန် အသင်း၏ ဦးဆောင်ဂိုးအဖြစ် ကွင်း လယ်လူ ဘာကလေက သွင်းယူခဲ့သည်။ ၂၄ မိနစ်တွင် ဖာနန်ဒင်ဟိုက မန်စီး တီးအတွက် ချေပဂိုးပြန်လည်သွင်းယူ ခဲ့သည်။ ဒုတိယပိုင်းတွင် မန်စီးတီး အတွက် အနိုင်ဂိုးများကို မိနစ် ၇ဝ တွင် လူစားဝင်လာသော ဒီဘရိုင်းက သွင်းယူပြီး ၇၇ မိနစ်တွင် တိုက်စစ်မှူး အဂူရိုက ခေါင်းတိုက် သွင်းယူခဲ့သည်။ မန်စီးတီးအသင်း နှစ်ကျော့ပေါင်း လေးဂိုး-သုံးဂိုးဖြင့်အနိုင်ရကာ ဗိုလ်လု ပွဲသို့ တက်ရောက်သွားသည်။
ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ပွဲဖြစ် သည့် လီဗာပူးနှင့် စတုတ်စီးတီးတို့ ပွဲစဉ်တွင် ပထမအကျော့၌ လီဗာပူး တို့အဝေးကွင်းတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယအကျော့ ပွဲစဉ်ကို ဇန်နဝါရီ ၂၇ ရက်နံနက် ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည်။
ပထမပိုင်းပွဲပြီးခါနီး ပွဲချိန် ၄၅ မိနစ်တွင် ကွင်းလယ်ကစားသမား အာနော့တိုဗစ်က စတုတ်စီးတီး အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ပွဲချိန်ပြည့် မိနစ် ၉ဝ ထိ နှစ်သင်း စလုံး ဂိုးထပ်မံမသွင်းယူနိုင်ဘဲ စတုတ် က တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ထား နိုင်ခဲ့သည်။ နှစ်ကျော့ပေါင်းရလဒ် တစ်ဖက်တစ်ဂိုးစီဖြင့် အရှုံးအနိုင် မပေါ်ခဲ့ဘဲ အချိန်ပိုမိနစ် ၃ဝ ထပ်မံ ကစားခဲ့ရာ ပြောင်းလဲမှုမရှိခဲ့ပေ။ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ယှဉ် ပြိုင်ကစားခဲ့ရာ လီဗာပူးတို့ ခြောက် ဂိုး-ငါးဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လု ပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
လီဗာပူးအသင်းသည် ကက်ပီ တယ်ဝမ်းဖလားဗိုလ်လုပွဲသို့ (၁၁)ကြိမ် တက်ရောက်ခဲ့ရာ ရှစ်ကြိမ် ဖလားရရှိခဲ့ပြီး သုံးကြိမ် ဒုတိယရရှိ ကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ မန်စီးတီးအသင်း မှာ ဗိုလ်လုပွဲသို့လေးကြိမ် တက် ရောက်နိုင်ခဲ့ပြီး သုံးကြိမ်ဖလားရရှိ ကာ တစ်ကြိမ်ဒုတိယရရှိထားသည်။ ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လန်ဒန် မြို့ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစား ရမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment