Friday, January 1, 2016

နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တူရကီလေကြောင်းခရီးစဉ်များဖျက်သိမ်း




Myanmaalinn's photo.
အစ္စတန်ဘူလ် ဒီဇင်ဘာ ၃၁

တူရကီလေကြောင်းလိုင်းသည် ဒီဇင်ဘာ ၃ဝ ရက်က လေကြောင်း လိုင်းခရီးစဉ် ၁၇ဝ ကျော်ကို အစ္စတန် ဘူလ်တွင် နှင်းမုန်တိုင်းများတိုက်ခတ် မှုကြောင့် ဖျက်သိမ်းခဲ့ရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြ သည်။
ပြည်တွင်းလေကြောင်းလိုင်းများအပြင် တူရကီလေကြောင်းလိုင်း၏အချို့ နိုင်ငံတကာလေကြောင်း လိုင်းများကိုလည်း ရပ်နားခဲ့ရကြောင်း သိရသည်။ ရပ်နားခဲ့ရသော လေကြောင်းလိုင်းများတွင် ဟမ် ဘာ့ဂ်ျ၊ မြူးနစ်၊ မီလန်၊ ဆိုဖီယာ၊ ဘရပ်ဆဲလ်နှင့် တီဟီရန်လေကြောင်း လိုင်းများလည်းပါဝင်ကြောင်း သိရ သည်။
နှင်းမုန်တိုင်းတိုက်ခတ်မှုများ သည် ဒီဇင်ဘာ၃၁ ရက်ထိ ဆက်လက် ပြီး အင်အားပြင်းထန်စွာတိုက်ခတ်ခဲ့ ကြောင်း သိရသည်။
အခုလို ဆောင်းရာသီတွင် အစ္စတန်ဘူလ်အတူတက်ခ်နှင့် ဆာ ဘီဟာ ဂေါ့ခ်ဆန်လေဆိပ်များမှ အချို့ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရ ကြောင်း တူရကီလေကြောင်းလိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ထို့ပြင် တူရကီပီကာဆက် လေကြောင်းလိုင်းသည် ပြည်တွင်း လေကြောင်းလိုင်း ၂၉ ခုကို ရာသီ ဥတုဆိုးရွားမှုများကြောင့် ဖျက်သိမ်း ခဲ့ရကြောင်း ၄င်းကုမ္ပဏီ၏ ဝက်ဘ် ဆိုက်တွင် ဖော်ပြသည်။
အစ္စတန်ဘူလ် အစိုးရရုံး၏ကြေညာချက်တွင် ဒေသခံများကို မလိုအပ်ဘဲ အပြင်ထွက်ခြင်းမပြု လုပ်ရန် အကြံပေးဖော်ပြထားသည်။ ထို့အပြင် ကိုယ်ပိုင်ကားများဖြင့် ခရီးသွားလာခြင်းအစား အများ ပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ် များဖြင့်သာသွားလာရန် တိုက်တွန်း ထားသည်။
နှင်းရှင်းယာဉ် အစီးတစ်ထောင် ကျော်နှင့် အခြားအကြီးစားယာဉ်များ အပါအဝင် လူပေါင်း ၅ဝဝဝ ကျော် သည် အရေးပေါ်အခြေအနေအတွက် အဆင်သင့်ရှိနေကြောင်း အစ္စတန် ဘူလ်မြို့တော်မြူနီစပယ်က ကြေညာ ထားသည်။

(ဆင်ဟွာ)

No comments:

Post a Comment