Thursday, January 14, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့ အစုအဖွဲ့များအလိုက် ဆွေးနွေး



The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၁၃

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဆက်လက်ကျင်းပသည်။

အဆိုပါညီလာခံသို့ အစိုးရကိုယ်စားလှယ်များအစုအဖွဲ့၊ လွှတ်တော်များမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တပ်မတော်မှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ် များအစုအဖွဲ့နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်စသည့် ကဏ္ဍကြီး(၅)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးအဆိုပြု ကြသည်။

ထိုသို့ဆွေးနွေးရာတွင် အစုအဖွဲ့များအလိုက် နိုင်ငံရေးကဏ္ဍတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များအနက်မှ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍတွင် အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးကဏ္ဍတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေခံသင့်သည့်မူများ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment