Monday, January 11, 2016

ဖျော်ဖြေရေးစင်မြင့်ပေါ်မှာ မျက်ရည်ကျခဲ့ရတဲ့ မက်ဒေါနား


The Mirror Daily's photo.
ပေါ့ပ်ဘုရင်မရယ်လို့ တင်စား ခေါ်ဝေါ်ခံရတဲ့ အဆိုတော်မက်ဒေါ နားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၆ ရက်) က မက္ကဆီကိုမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ဖျော်ဖြေရေးပွဲစဉ်တစ်ခုမှာ ယခုအချိန်ဟာ သူ့ဘဝရဲ့ အခက်ခဲဆုံး၊ အပင်ပန်းဆုံးသော အချိန်ဖြစ်နေရကြောင်း မျက်ရည်တွေကြားကနေ ရင်ဖွင့်ခဲ့ပါတယ်။
လတ်တလောမှာ မက်ဒေါနားရဲ့ သားဖြစ်သူ ရော့ကိုဟာ မိခင်ရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်မြောက်လိုတဲ့အတွက် ဖခင်ဖြစ်သူ မက်ဒေါနားရဲ့ ခင်ပွန်းဟောင်း ဒါရိုက်တာ ဂိုင်းရစ်ချီနေထိုင်ရာ လန်ဒန်ကို သွားရောက်နေထိုင်လျက် ရှိပါတယ်။ မက်ဒေါနားက သားဖြစ်သူကို ပြန်လာဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်မလာတာကြောင့် တရားရုံးကနေ တစ်ဆင့် ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အသက် (၁၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော့ကိုအတွက် ဖခင်ဘက်က ရှေ့နေ တွေကလည်း သားဖြစ်သူ လန်ဒန်မှာ ဆက်လက်နေထိုင်နိုင်ရေး ကြိုးပမ်းခဲ့ကြရာ ယခုအချိန်အထိတော့ တိကျတဲ့ အဖြေတစ်ခု မပေါ်ထွက် သေးပါဘူး။
ရော့ကိုက သူ့အနေနဲ့ သာမန် ဆယ်ကျော်သက်တစ်ဦးလို နေထိုင် လိုတဲ့အတွက် အစစအရာရာချုပ်ချယ် လွန်းတဲ့ မိခင်ဖြစ်သူနဲ့ အတူမနေထိုင် လိုခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ မက်ဒေါနားဟာ ရော့ကိုအိမ်ကနေထွက်သွားပြီးနောက်ပိုင်း သားဖြစ်သူရဲ့ ဓာတ်ပုံဟောင်းတွေကို သူ့ရဲ့လူမှုကွန်ရက် မီဒီယာပေါ်မှာ ဆက်တိုက်ဖော်ပြခဲ့ပါတယ်။
ယခုလ တစ်လလုံးဟာလည်း မက်ဒေါနားရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးအယ်လ်ဘမ်သစ် "Rebel Heart" အတွက် နယ်လှည့်ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်နေရပြီး မက်ဒေါနားအတွက် တကယ့်ကို ပင်ပန်းရတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ရပါတယ်။
အေးပြည့် - စုစည်းသည်။

No comments:

Post a Comment