Saturday, January 2, 2016

''Grand Prize''ဆုကို ပထမဦးဆုံးအကြိမ် ရရှိခဲ့တဲ့ဂျီဆွန်း




The Mirror Daily's photo.


ဒီဇင်ဘာ ၃၁ရက်က ကျင်းပခဲ့သော MBC ရုပ်သံလိုင်း၏ ၂ဝ၁၅ ခုနှစ် အတွက် ဒရမ်မာဆုပေးပွဲတွင် တောင်ကိုရီးယားမင်းသား ဂျီဆွန်းသည် သူ၏အနုပညာသက်တမ်းတစ်လျှောက် ပထမဦးဆုံးသော '' Grand Prize ''ဆုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒရမ်မာဖီဗာဒေါ့ကွန်းတွင် ဖော်ပြခဲ့သည်။

ဂျီဆွန်းသည် အဆိုပါဆုကို ''Kill Me, Heal Me''ဒရမ်မာဇာတ်လမ်းတွဲ ဖြင့် ရရှိခဲ့ပြီး ယင်း'' Grand Prize ''သည် ချီးမြှင့်သမျှ ရုပ်ရှင်ထူးချွန်ဆု များအနက် အနုပညာရှင်တို့ အလိုချင်ဆုံးသောဆုတစ်ခုလည်း ဖြစ်သည်။ ယင်းဆုကို မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ခဲ့ရာ စုစုပေါင်း မဲအရေအတွက် ၄၄၉၄၈ဝ အနက် ဂျီဆွန်းက ၁၈၉၃၁၉ မဲ ရရှိခဲ့သည်။

အဆိုပါဆုပေးပွဲညတွင် ဂျီဆွန်းသည် ယင်းဆုအပြင် အခြားသော ဆုသုံးဆုဖြစ်သည့် ထိပ်တန်းကြယ်ပွင့်ဆုကိုလည်းကောင်း၊ ပါ့ခ်ဆိုးဂျွန်နှင့် တွဲဖက်၍ အကောင်းဆုံးတွဲဖက်ဆုကိုလည်းကောင်း၊ ထိပ်တန်းအကောင်းဆုံးဆုကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ရာ ယင်းဆုပေးပွဲည၏ အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ခဲ့သည်။
အေးပြည့် - ရေးသားသည်

No comments:

Post a Comment