သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်
ပုသိမ် ဇန်နဝါရီ ၂၉
၂ဝ၁၆ ရာသီMNL အမှတ် ပေးပြိုင်ပွဲ ပွဲစဉ်(၄) ပထမနေ့ပွဲစဉ် ကို ယနေ့ ညနေ ၃နာရီခွဲက ပုသိမ် မြို့ရှိ ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင် ကစားရာ ဧရာဝတီအသင်းက လက် ရှိ ချန်ပီယံရန်ကုန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
လက်ရှိချန်ပီယံရန်ကုန်အသင်းသည်အဝေးကွင်း၌ ဦးဆောင်ဂိုး နှစ်ဂိုးရရှိခဲ့သော်လည်း အနိုင်ရလဒ် ကို မထိန်းနိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့သော ကြောင့်ဖိအားများနှင့် ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။ ယခုရာသMNLအမှတ် ပေးပြိုင်ပွဲတွင် လေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သည့် ရန်ကုန်အသင်း မှာ ချန်ပီယံဘွဲ့ကာကွယ်နိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ရတော့ မည်ဖြစ်သည်။သုံးပွဲဆက် ရှုံးနိမ့်ထား သည့် ဧရာဝတီအသင်းမှာ ပထမဆုံး နိုင်ပွဲကြောင့်ဖိအား လျော့သွားပြီ ဖြစ်သည်။
ဧရာဝတီအသင်းမှာ နိုင်ငံခြား သား ကစားသမားသုံးဦးကို အမာခံ ထားကာ ဝင်းမင်းသူ၊ ကျော်ဇေယျာ ဝင်း၊ သီဟဇော်၊ အောင်ကျော်နိုင်တို့ ဖြင့် ပွဲထွက်လာခဲ့သည်။ ရန်ကုန် အ သင်းတွင် ဒဏ်ရာရနေသည့် ကျော် မင်းဦးနှင့် ကြည်လင်းတို့ကလွဲ၍ လူစုံ ပါဝင်ခဲ့ပြီး ခင်မောင်လွင်၊ ကျော်ကိုကို၊ ရန်အောင်ကျော်၊ အက်ဒီဆင်တို့ ဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းစလုံး ပုံမှန်ခြေစွမ်းမရသောကြောင့် ရုန်း ကန်ခဲ့ရပြီး ဧရာဝတီခံစစ်ပိုင်းနှင့် အသင်းခေါင်းဆောင် မင်းမင်းသူတို့ ၏ အမှားကတစ်ဆင့် ရန်ကုန်အသင်း နှစ်ဂိုးဆက်ရရှိခဲ့သည်။ ဂိုးပေါက် ပျောက်နေသည့် တိုက်စစ်မှူး အက်ဒီ ဆင်က ၅ မိနစ်နှင့် ၁၅မိနစ်တို့တွင် နှစ်ဂိုးသွင်းယူခဲ့သည်။ ၃၉ မိနစ်တွင် ဧရာဝတီအသင်း ချေပဂိုးတစ်ဂိုးပြန် ရခဲ့ပြီး ကျော်ဇေယျာဝင်းက သွင်းယူ ခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းအစတွင် ဧရာဝတီ အသင်းချေပဂိုးရရှိရန် တိုက်စစ် အားမြှင့်လာခဲ့ပြီး ၆၃ မိနစ်တွင် တိုက်စစ်မှူးခရစ္စတိုဖာက ဒုတိယ ချေပဂိုးသွင်းယူခဲ့သည်။ သရေကျသွား ပြီးနောက်ပိုင်းတွင် ဧရာဝတီအသင်း ကစားပုံ ပိုကောင်းလာပြီး အနိုင်ဂိုး ကို ၇၇ မိနစ်တွင် ခရစ္စတိုဖာက သွင်းယူခဲ့သည်။ ဧရာဝတီအသင်း မှာ ပထမဆုံးနိုင်ပွဲကြောင့် တန်းဆင်း ဇုန်အတွင်းမှ ရုန်းထွက်နိုင်ခဲ့သည်။
ယနေ့ပွဲ
(ဗထူးကွင်း)
ရတနာပုံ - ရခိုင်
(အောင်ဆန်းကွင်း)
ဇွဲကပင် - Southern
(သုဝဏ္ဏကွင်း)
ချင်းယူနိုက်တက် - ဟံသာဝတီ
No comments:
Post a Comment