Wednesday, December 2, 2015

Toy Story ရုပ်ရှင်သစ် စတင်ရိုက်ကူး


ဝေါ့ထ်ဒစ်စနေ၏ ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်များအနက် တစ်ခုဖြစ် သည့် ရုပ်သံဖန်တီးမှုရုပ်ရှင် ဇာတ်လမ်းတွဲ ''Toy Story''၏ စတုတ္ထမြောက် ရုပ်ရှင်သစ်''Toy Story 4''ကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်တွင် အဓိကဇာတ်ဆောင်တစ်ဦးဖြစ်သော ဝူဒီနေရာတွင် အသံဖြင့်ပါဝင် သရုပ်ဆောင်ထားသည့် မင်းသား တွန်မ်ဟန့်စ်က '' The Graham Norton Show'' ရုပ်သံအစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။



ဆက်လက်ပြီး သူက ရုပ်ရှင်သစ်ထုတ်လွှင့်မည့်ရက်နှင့် ပတ်သက်၍လည်း ၂ဝ၁၈ ခုနှစ်အတွင်း အပြီးသတ်ထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ယခုနှစ် ဒီဇင်ဘာလအတွင်း အသံသွင်းခြင်းလုပ်ငန်းများကို စတင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့သည်။


ယင်းရုပ်ရှင်သစ်တွင် အဓိကဇာတ်ဆောင်များဖြစ်သော ကောင်းဘွိုင်သစ် သားရုပ်လေးဝူဒီနှင့် သူ၏ချစ်သူ ဘိုပိပ်တို့၏အချစ်ဇာတ်လမ်းကို အဓိက ဇာတ်လမ်းဆင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း အဆိုပါရုပ်ရှင်၏ ဒါရိုက်တာ ဂျွန်လက်စတာက ပြောကြားခဲ့သည်။ ယင်းရုပ်ရှင်များ၏နောက်ဆုံးထွက်ရှိခဲ့သော တတိယမြောက်ရုပ်ရှင်တွင် ဘိုပိပ်ပျောက်ဆုံးနေသည်ကို ဝူဒီနှင့်သူငယ်ချင်း ဖြစ်သူ ဘက်ဇ်တို့က ရှာဖွေကာပြန်လည်ခေါ်ဆောင်လာခဲ့ပြီးနောက် ယခုရိုက် ကူးမည့်ရုပ်ရှင်သစ်တွင် ဝူဒီနှင့် ဘိုပိပ်တို့၏ ကြည်နူးဖွယ်ဇာတ်လမ်းကို ခံစား ကြရမည်ဖြစ်သည်။



Toy Story ရုပ်ရှင်သည် ပထမဦးဆုံးသော ကွန်ပျူတာရုပ်သံဖန်တီးမှု ရုပ်ရှင်ဖြစ်ပြီး ပိုက်ဇာကုမ္ပဏီ၏ ပထမဦးဆုံးသော ရုံတင်ပြခဲ့သည့်ရုပ်ရှင်လည်း ဖြစ်သည်။ ယင်းရုပ်ရှင်များကို ၁၉၉၅ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တတိယမြောက်ရုပ်ရှင်ကို ၂ဝ၁ဝ ခုနှစ်က ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ် သည်။ ထွက်ရှိခဲ့ပြီးသော ယင်းရုပ်ရှင်သုံးကားအတွက် ရိုက်ကူးထုတ်လုပ်မှု စရိတ်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၂ဝ ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းရုပ်ရှင် ပြသမှုမှ ရရှိခဲ့သည့်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရရှိခဲ့ သည့် ဝင်ငွေကောင်းသော ရုပ်ရှင်ဖြစ်သည်။ နောက်ဆုံးရုံတင်ခဲ့သည့် တတိယ မြောက်ရုပ်ရှင်သည်လည်း ဝင်ငွေအကောင်းဆုံးသောရုပ်ရှင် ၁၅ ကားအနက် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။


အေးပြည့် - ရေးသားသည်

No comments:

Post a Comment