Wednesday, December 2, 2015

PSY ရဲ့ တေးဗီဒီယိုသစ် ''Daddy''




တောင်ကိုရီးယားကမ္ဘာကျော် တေး သံရှင်တစ်ဦးဖြစ်သည့် PSY ၏ တေး ဗီဒီယိုသစ် '' Daddy ''ကို ထုတ်လွှင့် ပြသခဲ့ကြောင်း ဒီဇင်ဘာ ၁ရက်တွင် အေ့စ်ရှိုးဘေ့စ်ဒေါ့ကွန်းက ဖော်ပြခဲ့ သည်။


အဆိုပါ တေးဗီဒီယိုတွင် PSY က လက်ရှိသူ၏ပုံရိပ်အပြင် ကလေးငယ် တစ်ဦး၏ အသွင်နှင့် အဘိုးအိုတစ်ဦး ၏ ပုံသဏ္ဌာန်တို့ကို ဖန်တီးသရုပ် ဆောင်ထားသည်။


အဆိုပါတေးဗီဒီယိုသည် PSY ၏ နောက်ဆုံးထွက်ရှိထားသော တေး အယ်လ်ဘမ်သစ် ''7th Album Cider ''တွင်ပါဝင်သည့် တေးသီချင်း များအနက် ပထမဦးဆုံးထုတ်လွှင့်ခဲ့ သော တေးဗီဒီယိုဖြစ်သည်။ ယင်း တေးဗီဒီယိုတွင် တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီးပေါ့ပ် အဆိုတော် CLက ပါဝင်ကူညီသီဆို ပေးထားပြီး တောင်ကိုရီးယားထိပ်တန်း မင်းသမီးချော ချာဂျီဝန်လည်း ပါဝင် သရုပ်ဆောင်ထားသည်။


ယခုထုတ်လွှင့်ခဲ့သည့် တေးဗီဒီယို သည် PSY ၏နောက်ဆုံးထွက်ရှိခဲ့ သော You Tube ဝက်ဘ်ဆိုက်တွင် လူကြည့်အများဆုံးသော တေးသီချင်း ဖြစ်သည့် ''Gangnam Style''ထွက်ရှိ ခဲ့ပြီးနောက် ပထမဦးဆုံးပြန်လည် ထွက်ရှိသည့် သူ၏တေးသီချင်းလည်း ဖြစ်သည်။ ယခုထွက်ရှိသည့် တေး ဗီဒီယိုတွင်လည်း ''Gangnam Style''တေးသီချင်းကဲ့သို့ပင် မြူးကြွလှပဆန်း သစ်သည့် PSY၏ ကကွက်များလည်း ပါဝင်သည့် မြူးမြူးကြွကြွတေးသီချင်း တစ်ပုဒ်ပင် ဖြစ်သည်။


အေးပြည့် - ရေးသားသည်

No comments:

Post a Comment