Wednesday, December 2, 2015

ဗီလာကို ပရီမီယာလိဂ်တွင် တင်ကျန်အောင်စွမ်းဆောင်နိုင်မည်ဟု ဂါဒီယုံကြည်




အက်စတွန်ဗီလာ နည်းပြသစ် ဂါဒီက ၄င်း အနေဖြင့် ဗီလာအသင်းကို ပရီမီယာလိဂ် တွင် တင်ကျန် အောင် စွမ်း ဆောင်နိုင်လိမ့်မည် ဟု ယုံကြည်ကြောင်း ဒေးလီစတားသို့ ပြောကြား လိုက်သည်။ ဗီလာသည် ပရီမီယာလိဂ်ပွဲစဉ်(၁၄)ပြီးဆုံး သည်အထိ ရမှတ်ငါးမှတ်သာရရှိထားသေးပြီး ပရီမီယာ လိဂ်အမှတ်ပေးဇယားအောက်ဆုံးနေရာတွင် ရပ်တည်နေ သည်။ ဂါဒီကိုင်တွယ်ပြီးနောက် မန်စီးတီးနှင့်ပွဲတွင် သရေ ရလဒ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သော်လည်း နိုဝင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်၌ အဲဗာတန်အား လေးဂိုး ပြတ်ဖြင့် အရေးနိမ့်ခဲ့သလို ဝက်ဖို့ဒ်အားရင်ဆိုင်ခဲ့သည့် ပွဲစဉ်တွင်လည်း အိမ်ကွင်း၌ပင် သုံးဂိုး-နှစ်ဂိုးဖြင့် ထပ်မံ အရေးနိမ့်ခဲ့ပြန်ရာ ဗီလာ၏အနေအထားအပေါ် ပရိသတ် များက စိုးရိမ်လာကြခြင်းဖြစ်သည်။


ဂါဒီက ဗီလာအသင်းကို ၄င်းအနေဖြင့် လမ်းကြောင်း မှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆွဲတင်နိုင်မည်ဟု ယုံကြည်ထားကြောင်း၊ သို့သော် ၄င်းတာဝန်စတင်ယူသည့် အချိန်တွင်ဗီလာအသင်းမှာ နစ်မြုပ်ခါနီးအနေအထားသို့ ရောက်နေသော သင်္ဘောအလားဖြစ်နေသည့်အတွက် ရလဒ်ကောင်းတစ်ခုကို ချက်ချင်း ပြန်လည်ရောက်ရှိရန်မှာ မလွယ်ကြောင်း၊ ဗီလာအသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင်ဆွဲတင်နိုင်မည့် နည်းလမ်းပေါင်းစုံ ကို ကြံဆထားသောကြောင့် ရာသီသိမ်းချိန်တွင် ပရီမီယာ လိဂ်တွင် တင်ကျန်နိုင်မည်ဟု ယူဆထားကြောင်း ဗီလာ ပရိသတ်များအား ကတိပြုပြောကြားခဲ့သည်။


မေလဲ့သင်း

No comments:

Post a Comment