Wednesday, December 2, 2015

Oppo မှ တန်ဖိုးနည်းမိုဘိုင်းဖုန်း ထုတ်လုပ်မည်




ဈေးနှုန်းချိုသာသော မိုဘိုင်းဖုန်းသစ်တစ်မျိုးကို Oppo မှထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တွင်ပါ နေရာရလာပြီဖြစ်သော တရုတ်နိုင်ငံအခြေစိုက် အဆင့်မြင့် မိုဘိုင်းဖုန်းလုပ်ငန်းတစ်ခုဖြစ်သည့် Oppo သည် အဆိုပါမိုဘိုင်းဖုန်းသစ်ကိုA 33 ဟု အမည်ပေးထားသည်။ အရည်အသွေးအဆင့်မြင့်ပြီး တန်းဖိုးနည်းမိုဘိုင်းဖုန်း အမျိုးအစားတစ်မျိုးဖြစ်ရန် ရည်ရွယ်ထုတ်လုပ် သွားမည်ဟု သိရသည်။ အနောက်ဘက်ကင်မရာ8 MP ရှိပြီး အရှေ့ဘက်ကင်မရာ 5 MP ပါဝင်လာဖွယ်ရှိသည်ဟု သိရသည်။ အလေးချိန် ၁၄၆ ဂရမ်သာရှိသော အဆိုပါမိုဘိုင်းဖုန်းတွင် မျက်နှာပြင်အကျယ် ၅ လက်မရှိပြီး 220ppi ရုပ်ထွက်အရည်အသွေးရှိမည်ဖြစ်သည်။Qualcomm MSM8916 Snapdragon 410 Chipset အသုံးပြုထားပြီး 2 GB RAM ပါရှိကာ Internal Storage 16 GB ပါရှိမည်ဖြစ်သည်။4G Network အတွင်းအသုံးပြုနိုင်ပြီး ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မည်ဟုသိရသည်။ ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂၃၅ ဒေါ်လာဖြစ်သည်။



Alez - စုစည်းသည်

No comments:

Post a Comment