Wednesday, December 2, 2015

Apple ၏ iPhone 7 နှင့် 7 Plus တို့၏ ထွက်ပေါ်မည့်ကာလနှင့် အချက်အလက်အချို့ကိုမိတ်ဆက်




ကမ္ဘာကျော် မိုဘိုင်းအီလက်ထရွန်နစ်လုပ်ငန်းကြီးတစ်ခု ဖြစ်သည့် Apple သည်၎င်း၏အသစ်ထွက်ပေါ်မည့် မျိုးဆက်သစ် iPhone 7 နှင့် 7 Plusတို့၏ ထွက်ပေါ်မည့်ကာလနှင့် အချက် အလက်အချို့ကို မီဒီယာစာမျက်နှာများတွင် စတင်မိတ်ဆက် ပေးလိုက်ပြီဖြစ်သည်။ လာမည့် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ဈေးကွက်အတွင်းသို့ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်လာ ခဲ့ပြီး ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် ပေါ်ထွက်မည်ဟု မီဒီယာများက ခန့်မှန်းထားကြသည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်က iPhone 6S နှင့်6S Plus ကို  စတင်ဖြန့်ချိပေးခဲ့ပြီး ယခုလအတွင်း iPhone 7 နှင့် 7 Plus တို့၏ သတင်းအချက်အလက် များ ပေါ်ထွက်လာခြင်းဖြစ်သည်။ မျက်နှာပြင်အကျယ် ၄ ဒသမ ၇ လက်မနှင့် ၅ ဒသမ ၅ လက်မရှိမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ၅ ဒသမ ၅ မျက်နှာပြင်ကို ပိုမိုစိတ်ဝင်စားခြင်းခံရသည်။ ယခင် ထွက်ရှိပြီး အမျိုးအစားများထက် ပိုမိုပါးလွှာမည်ဖြစ်ပြီး ပါးလွှာ၍ မာကျောသောLCD မျက်နှာပြင်ပါဝင်လာမည်ဖြစ်သည်။ iPhone 7 နှင့် 7 Plus တွင် 3D ကင်မရာပါဝင်လာပြီး ကင်မရာSensors အား ကောင်းမွန်မည်ဖြစ်သည်။A10 Processor အသုံးပြုထားပြီး M10 Motion Coprocessor ပါဝင်ကာLTE Chipထည့်သွင်းပေးထားသည်။ ကြိုးမဲ့အားသွင်းစနစ်နှင့် ကြိုးမဲ့နားကြပ်စနစ် ပါဝင်လာနိုင်ဖွယ်ရှိပြီး iOS 10 အသုံးပြုနိုင်မည်ဟု သိရသည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၉ဝဝ နှင့် ၁ဝဝဝ အတွင်းရှိနိုင်သည်ဟုခန့်မှန်းကြသည်။



Alez - စုစည်းသည်

No comments:

Post a Comment