Wednesday, December 30, 2015

'Motorhead'တေးဂီတအဖွဲ့ဝင် လန်မိုင်ကေးလ်မိုက်စ်တာ ကွယ်လွန်



The Mirror Daily's photo.
ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''Motorhead''မှ အဆိုတော် တစ်ဦးဖြစ်သူ လန်မိုင်ကေးလ်မိုက်စ်တာသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်(တနင်္လာနေ့)က အဆိုပါတေးဂီတအဖွဲ့၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ကြောင်း အေ့စ်ရှိုး ဘေ့စ်ဒေါ့ကွန်းတွင် ဖော်ပြခဲ့သည်။
ကေးလ်မိုက်စ်တာသည် ကွယ်လွန်ချိန်တွင် အသက်(၇ဝ)ရှိပြီဖြစ်ကာ ကင်ဆာရောဂါမှာ သူ၏ခန္ဓာကိုယ်အတွင်း အလွန်ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
သူသည် မသေဆုံးမီနှစ်ရက်ခန့်အလို ဒီဇင်ဘာ ၂၆ ရက်တွင် အဆိုပါကင်ဆာရောဂါခံစားနေခဲ့ရသည်ကိုသိရှိခဲ့သည်။ ကေးလ်မိုက်စ်တာခံစားခဲ့ရသော ကင်ဆာရောဂါအမျိုးအစားကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
ကေးလ်မိုက်စ်တာသည် ဗြိတိန်ရော့ခ်တေးဂီတလောကရှိ ကျော်ကြားခဲ့ သော ရော့ခ်တေးသံရှင်များအနက် တစ်ဦးဖြစ်ပြီး သူမကွယ်လွန်မီအထိ ''Motorhead'' တေးဂီတအဖွဲ့တွင် ပါဝင်ဖျော်ဖြေခဲ့သည်။
အဆိုပါတေးဂီတအဖွဲ့ ''Motorhead ''မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒရမ်တီးသူဖြစ်သည့် ပေးလ်တေလာသည်လည်း လွန်ခဲ့သည့် လအတွင်းက ကွယ်လွန်သွားခဲ့သည်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment