Wednesday, December 30, 2015

လာမယ့်စူပါဂျူနီယာရဲ့ ဖျော်ဖြေပွဲမှာ မယ်စကြဝဠာကို လာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်တဲ့ ချာဆီဝမ်



The Mirror Daily's photo.

၂ဝ၁၅ခုနှစ် မယ်ဝကြဝဠာအဖြစ် အရွေးချယ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်အလှမယ် ပီယာ အလိုဂျိုဝက်ဇ်ဘာ့ခ်ျဟာ သူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖော်ပြ ရေးသားထားတဲ့ အချက်အလက်တွေအရ သူဟာ တောင်ကိုရီးယားနာမည်ကျော် အမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ စူပါဂျူနီယာရဲ့ အမာခံပရိသတ် တစ်ဦးဆိုတာ သိခဲ့ရပါတယ်။

ယင်းကိုရှာဖွေတွေ့ရှိသွားတဲ့ တောင်ကိုရီးယားမီဒီယာတွေက ပီယာဟာ စူပါဂျုနီယာရဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ကြပြီးနောက် အားလုံးက အဆိုပါသတင်းအပေါ် စူပါဂျုနီယာအဖွဲ့ရဲ့ တုံ့ပြန်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြရာ ပြီးခဲ့တဲ့ရက်ပိုင်းက စူပါဂျူနီယာအဖွဲ့ခေါင်းဆောင် ချာဆီဝမ်က သူ့ရဲ့ လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာ ကနေတစ်ဆင့် မယ်စကြဝဠာကို သူ့ရဲ့ လာမယ့်တေးဂီတဖျော်ဖြေပွဲကို လာရောက် အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ချာဆီဝမ်က ဒဒ၂ဝ၁၅ ခုနှစ်ရဲ့ မယ်စကြဝဠာဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ယူ ပါတယ်။ ကျေးဇူးပြုပြီး လာမယ့်စူပါဂျူနီယာရဲ့ နယ်လှည့်ဖျော်ဖြေပွဲမှာ မင်းကို စူပါဂျူနီယာရဲ့ပရိသတ်တစ်ဦးအဖြစ် မြင်တွေ့ခွင့်ရပါရစေ။ ကမ္ဘာကြီးကို တောက်ပသွားစေတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းနဲ့တွေ့ဆုံခွင့် ရဖို့ စောင့်မျှော်နေပါတယ်ဒဒလို့ ပီယာကို ရည်ညွှန်းရေးသားဖော်ပြခဲ့ပါ တယ်။
မယ်စကြဝဠာဆုရှင် ပီယာကလည်း "အခုလိုဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဖိတ်ခေါ်မှုကို တကယ်လည်း လိုလားနှစ်သက်မိပါ တယ်"လို့ ယင်းဖော်ပြမှုတွင် ပြန်လည်ရေးသားခဲ့ကာ တောင်ကိုရီးယားဘာသာနဲ့ ဒဒမင်္ဂလာပါဒဒ လို့လည်း ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment