Wednesday, December 30, 2015

အာဆင်နယ်ကွင်းလယ်ကစားသမား ဝီရှိုင်းယား ဖေဖော်ဝါရီလအထိ အနားယူရမည်




The Mirror Daily's photo.


အာဆင်နယ် ကွင်းလယ်ကစားသမား ဝီရှိုင်းယားသည် ဒဏ်ရာပြဿနာကြောင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ အနားယူ ရမည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်နှင့် အင်္ဂလန်ကွင်းလယ် ကစားသမား ဝီရှိုင်းယားသည် ရာသီအကြို ပွဲစဉ်များ ယှဉ်ပြိုင်ကစားစဉ် ခြေထောက် ဒဏ်ရာပြဿနာကြုံခဲ့ခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီတစ်ခုလုံး အာဆင်နယ်အသင်း တွင် ပွဲထွက်မကစားနိုင်ခဲ့ပေ။ သို့ရာတွင် အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဂ်ဆန်ကမူ လာမည့်နွေရာသီကာလအတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင်မူ အသင်း နှင့်အတူ ပြန်လည်ပါဝင်လာရန်မျှော်လင့်ထား ကြောင်းသိရသည်။

ကွင်းလယ်ကစားသမား ဝီရှိုင်းယားသည် ကစားသမားဘဝတစ်လျှောက်တွင် ဒဏ်ရာ ပြဿနာအတော်များများ ကြုံတွေ့ခဲ့ရပြီး ၂ဝဝ၉ ခုနှစ် အောက်တိုဘာက ခြေချင်းဝတ် ဒဏ်ရာကြောင့် သီတင်းငါးပတ်၊ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလက တံကောက်ကြောဒဏ်ရာ ကြောင့် သီတင်းငါးပတ်၊ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာက နောက်ကြောဒဏ်ရာကြောင့် သီတင်းနှစ်ပတ်၊ ၂ဝ၁၃ ခုနှစ် မတ်လက ခြေချင်းဝတ်ဒဏ်ရာကြောင့် သီတင်းလေးပတ်၊ ၂ဝ၁၃ ခုနှစ် မေလက ခြေချင်းဝတ်ဒဏ်ရာခွဲစိတ်ရခြင်းကြောင့် သီတင်းခုနစ်ပတ်၊ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ၊ မတ်လ၊ အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့တွင် စုစုပေါင်း ရှစ်လကြာ အနားယူခဲ့ရကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ် သြဂုတ်လတွင်လည်း ခြေချင်းဝတ်ဒဏ်ရာထပ်မံရရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ အနားယူနေရသူဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment