Monday, December 28, 2015

MFF U-14 ပြိုင်ပွဲ၌ ဆီမီးရောက်အသင်းများထွက်ပေါ်

 

သတင်း-ညီမြတ်သော်တာ

ရန်ကုန် ဒီဇင်ဘာ ၂၇

MFF U-14 Boys 100 Plus Super Cup 2015 ဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယနေ့ပွဲစဉ်များကို ယနေ့ဆက်လက်ကျင်းပသည်။ ယနေ့ပွဲစဉ်များ အပြီးတွင် ဇွဲကပင်အကယ်ဒမီ (က)အသင်း၊ ဧရာဝတီ အကယ်ဒမီနှင့် မန္တလေးအကယ်ဒမီ(က)အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။
ဒုတိယနေ့ပွဲစဉ်များတွင် နံနက်ပိုင်း၌ အုပ်စု (က)တွင် ဧရာဝတီအကယ်ဒမီအသင်းက မန္တလေး အကယ်ဒမီ(ခ)အသင်းကို လေးဂိုး-နှစ်ဂိုး၊ ဇွဲကပင် အကယ်ဒမီ(က)အသင်းက တပ်မတော်အကယ်ဒမီ အသင်းကို ခြောက်ဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရရှိသည်။ ယနေ့ပွဲအပြီးတွင် အုပ်စု(က) ၌ နှစ်ပွဲဆက်အနိုင်ရပြီး ခြောက်မှတ်ရရှိထားသည့် ဧရာဝတီအကယ်ဒမီ အသင်းနှင့် ဇွဲကပင်အကယ်ဒမီ(က)အသင်းတို့ မှာ ပွဲစဉ်မကုန်မီ ဆီမီးတက်သွားပြီး အုပ်စုပထမ နေရာအတွက်သာ ကစားရတော့မည်ဖြစ်သည်။ မန္တလေးအကယ်ဒမီ(ခ)အသင်းနှင့် တပ်မတော် အကယ်ဒမီအသင်းတို့မှာ အုပ်စုမှ ထွက်ခဲ့ရပြီဖြစ် သည်။

ညနေပိုင်း၌ ကျင်းပသည့် အုပ်စု(ခ)ပွဲစဉ်များတွင် မန္တလေးအကယ်ဒမီ(က)အသင်းက ဇွဲကပင်အကယ် ဒမီ(ခ)အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ ရတနာပုံ အကယ်ဒမီအသင်းက ရန်ကုန်အကယ်ဒမီ အသင်းကို ၁၃ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိသည်။ ယခုပွဲအပြီးတွင် မန္တလေး အကယ်ဒမီ(က)အသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် ဆီမီးတက်သွားပြီ ဖြစ်ပြီး လက်ကျန်တစ်နေရာအတွက် သုံးမှတ်စီရရှိထားသည့် ဇွဲကပင် အကယ်ဒမီ(ခ)အသင်းနှင့် ရတနာပုံ အကယ်ဒမီအသင်းတို့ အပြိုင်ဖြစ်နေ ပြီး နောက်ဆုံးပွဲ၌ ထိပ်တိုက်တွေ့ဆုံ နေရာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ရန်ကုန်အကယ်ဒမီအသင်း မှာ အုပ်စုမှထွက်ခဲ့ရပြီဖြစ်သည်။အုပ်စု နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ ဆက်လက်ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment