Monday, December 28, 2015

အမေရိကန်တွင် လေဆင်နှာမောင်းများ ဆက်လက်တိုက်ခတ် ဒါးလက်တွင် ထိခိုက်မှုများပြီး သေဆုံးသူရှစ်ဦးရှိ



Myanmaalinn's photo.
ဒါးလက် ဒီဇင်ဘာ ၂၇

အမေရိကန်နိုင်ငံ ဒါးလက်၌ စနေနေ့က လေဆင် နှာမောင်းများတိုက်ခတ်ပြီး ရေကြီးခဲ့သဖြင့် လူရှစ်ဦး သေဆုံးကာ ယခုသီတင်းပတ်အတွင်း အမေရိကန် တောင်ပိုင်းပြည်နယ်များတွင် သေဆုံးသူ ၂၆ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများနှင့် ဒေသမီဒီယာက ပြောသည်။
ဒါးလက်မြို့ ဆင်ခြေဖုံးမှ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာတွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး လူငါးဦး သေဆုံးသွားကြောင်း ဂါးလန်းအာဏာပိုင်တို့က အတည်ပြု ပြောကြားသည်။ ယင်းလေဆင်နှာမောင်းကြောင့် နေအိမ် များ၊ အခန်းများနှင့် မော်တော်ကားများ လွင့်ပါပျက်စီး ခဲ့ကြောင်း၊ သို့သော် လူပေါင်းမည်မျှ ထိခိုက်ဒဏ်ရာ ရသည်ကို အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူ များက ပြောသည်။
အဆိုပါ သေဆုံးသူငါးဦးသည် အဝေးပြေးလမ်းမကြီး အမှတ်(၁၉ဝ)အနီး တိုက်ခတ်ခဲ့သော လေဆင်နှာမောင်း ကြောင့် ကားများပျက်စီးနေမှုနှင့် ဆက်နွှယ်မှုရှိသည်ဟု ဆိုသည်။ အခြားနှစ်ဦးမှာ အဆိုပါမြို့ ဓာတ်ငွေ့အရောင်း ဆိုင်တစ်ခုအနီး သေဆုံးလျက်တွေ့ရသည်ဟု ဆိုသည်။ ဘလူးရစ်တွင်လည်း ကလေးတစ်ဦး သေဆုံးခဲ့သည်။
ဒါးလက်တွင် တိုက်ခတ်သော လေဆင်နှာမောင်းများ ကြောင့် မြို့ကြီးအချို့ နေအိမ်များပျက်စီးပြီး ရေကြီးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသဌာနက အတည်ပြု ပြောကြားသည်။

(ရိုက်တာ)

No comments:

Post a Comment