Monday, December 28, 2015

ဖားကန့်မြို့နယ်တွင်စွန့်ပစ်မြေစာပုံပြိုကျမှုနှင့် လူသုံးဦးပျောက်ဆုံးနေကြောင်း သတင်းများအရရှာဖွေမှုများပြုလုပ်လျက်ရှိ

 

ဖားကန့် ဒီဇင်ဘာ ၂၇

ကချင်ပြည်နယ် ဖားကန့်မြို့ နယ်တွင် ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က စွန့်ပစ် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ သုံးဦး ပျောက်ဆုံးနေကြောင်း သတင်းများအရ ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

ဖားကန့်မြို့နယ် မမုံကျေးရွာ အနီးရှိ ကန်ခါတွမ် စုပေါင်းစွန့်ပစ် မြေစာပုံမှ အလျားပေ ၁ဝဝ ၊ အနံ ပေ ၄ဝ၊ အမြင့်ပေ ၁ဝဝ ခန့်ရှိသော မြေစာများ ပြိုကျခဲ့မှု ဖြစ်ပွားခဲ့ပြီး ထိုသို့ ပြိုကျချိန်မှာ အလုပ်သိမ်းချိန် ဖြစ်ရာ ယင်းနေရာတွင် ရေမဆေး ကျောက် ရှာဖွေသူများရှိနိုင်သဖြင့် လည်းကောင်း၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှ ဇော်ထွေး (၂၁နှစ်) (ဘ)ဦးကံသိန်း၊ မောင်ထွေး (၂၁ နှစ်) (ဘ) ဦးလှငွေ၊ သိန်းဇော် (၂၈) နှစ် (ဘ) ဦးကျော်ညွန့် စုစုပေါင်း သုံးဦးမှာ ပျောက်ဆုံးနေ ကြောင်း နယ်မြေသတင်းများအရ
လည်းကောင်း ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီခန့်မှစ၍ မြေစာများ ဖယ်ရှားရှင်းလင်းပြီး ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ မြေစာပုံများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရှာဖွေခြင်းလုပ်ငန်း များကို တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများက ဘက်ဟိုးယာဉ် ခုနစ်စီးနှင့်အတူ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်
(မြဝတီ)

No comments:

Post a Comment