Thursday, December 3, 2015

EXO ၏ပထမဦးဆုံးသော မြောက်အမေရိက နယ်လှည့်ဖျော်ဖြေပွဲ ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည်




တောင်ကိုရီးယားအမျိုးသားပေါ့ပ်တေးဂီတအဖွဲ့များအနက် အောင်မြင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ် သည့် ''EXO ''သည် သူတို့၏ ပထမဦးဆုံးသော မြောက်အမေရိကသို့ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ် ကို လာမည့် ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။


အဆိုပါခရီးစဉ်အတွင်း မြောက်အမေရိကရှိ မြို့ငါးမြို့သို့ လှည့်လည်ဖျော်ဖြေမည်ဖြစ်ကာ ခရီးစဉ်၏ အသေးစိတ်အစီအစဉ်များကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အမ်ဝေ့ဖ်ဒေါ့ကွန်းက ဖော်ပြခဲ့သည်။


အဆိုပါတေးဂီတအဖွဲ့သည် ပြည်ပနယ်လှည့် ဖျော်ဖြေပွဲအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဂျပန်နိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံတွင်လည်းသွားရောက်ဖျော်ဖြေခဲ့ပြီး နောက် အဖွဲ့၏အောင်မြင်မှုကို ကမ္ဘာနှင့်ချီသည့်အောင်မြင်မှုမျိုးဖြစ်လာစေရန် ရည်ရွယ်၍ ယခု ကဲ့သို့ မြောက်အမေရိကသို့ သွားရောက်ဖျော်ဖြေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။


လတ်တလောတွင်EXO အဖွဲ့သည် သူတို့ ၏ ဆောင်းရာသီ အထူးတေးအယ်လ်ဘမ်သစ် ''Sing For You''ကို ထုတ်လွှင့်နိုင်ရန်စီစဉ်နေပြီး ယင်းတေးအယ်လ်ဘမ်ကို ယခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် စတင်ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။



အေးပြည့်

No comments:

Post a Comment