Thursday, December 3, 2015

စူပါမန်းရဲ့ အကျဉ်းသားဖြစ်သွားတဲ့ လင်းနို့လူသား





ကမ္ဘာတစ်ဝန်းရှိ ကလေးရောလူကြီးများပါ စွဲလမ်းနှစ်သက်ခဲ့ရသည့် လူစွမ်းကောင်းများပါဝင်သော ရုပ်ရှင်များအနက်တစ်ခုဖြစ်သည့် ဒါရိုက်တာ ဇက်ခ်စနိုက်ဒါ ရိုက်ကူးသည့်ရုပ်ရှင်သစ် ''Batman v Superman: Dawn of Justice''ကို စမ်းသပ်ပြသခဲ့ရာ ယင်းရုပ်ရှင်သစ်တွင် လူစွမ်းကောင်းဇာတ် ဆောင်တစ်ဦးဖြစ်သည့် လင်းနို့လူသားအား အခြားသောလူစွမ်းကောင်းတစ်ဦး ဖြစ်သည့် စူပါမန်း၏အကျဉ်းသားအဖြစ် တွေ့မြင်ရသည်။


၄၉ စက္ကန့်ကြာထုတ်လွှင့်ပြသခဲ့သော အဆိုပါဗီဒီယိုတွင် မင်းသားဘန် အက်ဖလက်ထ်က လင်းနို့လူသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး စူပါမန်း အဖြစ် ဟင်နရီကက်ဗေလ်က သရုပ်ဆောင်ထားသည်။


အဆိုပါရုပ်ရှင်တွင် စူပါမန်းက လင်းနို့လူသား၏ မျက်နှာဖုံးကို ချွတ်ခဲ့ပြီး နောက် လူစွမ်းကောင်းနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံခဲ့ကြပုံများကို ရိုက်ကူးထားကာ ၂ဝ၁၃ ခုနှစ်က ထွက်ရှိခဲ့သော ရုပ်ရှင်'' Man of Steel''၏ နောက်ဆက်တွဲရုပ်ရှင် လည်း ဖြစ်သည်။



အေးပြည့်

No comments:

Post a Comment