Thursday, December 3, 2015

အမှိုက်များနှင့်ပြည့်နှက်နေပြီး တိမ်ကောလာသောချောင်းကို ပြန်လည်တူးဖော်ပေးရန် ပြည်သူများဆန္ဒရှိနေ





သုဝဏ္ဏဝတီ ဒီဇင်ဘာ ၂


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၌ သိမ်ဆိပ်ရပ်ကွက်နှင့် ကျိုက္ကော်ရပ်ကွက်တို့ကို ဖြတ်သန်းစီးဆင်းနေသော ချောင်းသည် ပြည်သူတချို့၏ မဆင်မခြင်အမှိုက်များစွန့်ပစ်နေမူများကြောင့်လည်းကောင်း၊ တချို့သော လူနေအိမ်များသည် ချောင်းအတွင်း ကျူးကျော် တိုးချဲ့လာသည့်အတွက်ကြောင့် လည်းကောင်း၊ ချောင်းသည် တဖြည်းဖြည်းကျဉ်းမြောင်းတိမ်ကောလာရာ မိုးရာသီ၌မိုးများသည့် အချိန်တိုင်း ရေစီးရေလာရေဆွဲအားမကောင်းတော့သည့်အတွက်ကြောင့်လည်းကောင်း သုဝဏ္ဏဝတီမြို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့ရသည်။


ယခုအခါ အဆိုပါချောင်းကို ဒေသခံပြည်သူများက ပြန်လည်တူးဖော်ရန်ဆန္ဒရှိနေကြပြီး လွန်ခဲ့သည့်နှစ်က ချောင်းတူးဖော်ရန် ရန်ပုံငွေများချထားပေး၍ ဆောင်ရွက်မည်ဟု ပြည်သူများကြားသိရသော်လည်း ယခုအထိ အကောင်အထည်ဖော်မဆောင်ရွက်နိုင်သေးပေ။


အဆိုပါချောင်းသည် သုဝဏ္ဏဝတီမြို့မဈေးဘေးမှ ဖြတ်သန်းစီးဆင်းနေသဖြင့် အမှိုက်များနှင့် အမြင်မသင့်တော်၍ မြို့ပြအင်္ဂါရပ်နှင့် အညီ သာယာလှပစည်းကမ်းရှိသော မြို့တစ်မြို့ဖြစ်လာအောင် ချောင်းအတွင်း အမှိုက်များကို မဆင်မခြင် စွန့်ပစ်သူများ၊ ချောင်းအတွင်း ကျူးကျော်တိုးချဲ့နေထိုင်ကြသူများအား အသိပညာပေးဆောင်ရွက်ပေးစေလိုပြီး ယခုပွင့်လင်းရာသီအတွင်း ချောင်းတူးဖော်မှုကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ပေးပါရန်နှင့် ရေလွှမ်းမိုးမှုမရှိစေရန် ဒေသခံပြည်သူများက ဆန္ဒရှိနေကြကြောင်း သိရသည်။



ခွန်(ဝင်းပ)

No comments:

Post a Comment