Wednesday, December 30, 2015

မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့ ပြန်လည်သိမ်းယူနိုင်ရေး ကာဒစ္စတန်တပ်ဖွဲ့၏ အကူအညီလိုအပ်




The Mirror Daily's photo.


ဘဂ္ဂဒက် ဒီဇင်ဘာ ၂၉

အီရတ်နိုင်ငံ၌ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)အဖွဲ့၏ ထိန်းချုပ်မှုအောက်ရှိနေသည့် အကြီးဆုံးမြို့ကြီးဖြစ်သော မိုဆူးလ်မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ကာဒစ္စတန်တိုက်ခိုက်ရေးသမားများထံမှ အကူအညီကိုရယူရန် လိုအပ်ကြောင်း အီရတ်ဘဏ္ဍာရေးဝန်ကြီး ဟိုရှီယာဇီဘာရီက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

မြို့တော်ဘဂ္ဂဒက်၏ မြောက်ဘက်ကီလိုမီတာ ၄ဝဝ (မိုင် ၂၅ဝ) အကွာရှိ မိုဆူးလ်မြို့ကို ပြန်လည်သိမ်းယူ နိုင်ရေးမှာ အီရတ်အစိုးရတပ်ဖွဲ့အတွက် ကြီးမားသော စိန်ခေါ်မှုအဖြစ် ရှုမြင်ရသည်။

အီရတ်နိုင်ငံ အနောက်ပိုင်းရှိ ရာမာဒီမြို့ကို အီရတ်တပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မိုဆူးလ်မြို့ကို ပြန်လည်သိမ်းယူနိုင်ရန်ကြိုးပမ်းမည့်လက္ခဏာများ ပြသလာသည်။

မိုဆူးလ်မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် စစ်ရေးအစီအစဉ်ရေးဆွဲခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းကို ပြုလုပ်ရန်လိုအပ်ကြောင်း ဇီဘာရီက ရိုက်တာသတင်း ဌာန၏ လူတွေ့မေးမြန်းခန်းတွင် ပြောကြားသည်။ ဇီဘာရီ သည် ကာ့ဒ်လူမျိုးတစ်ဦးဖြစ်သည်။

အီရတ် ကာဒစ္စတန်လက်နက်ကိုင်တပ်ဖွဲ့၏အကူ အညီကို မရယူဘဲ မိုဆူးလ်မြို့ကို မိမိတို့ပြန်လည်သိမ်းယူ နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။ ကာဒစ္စတန်ဒေသသည် မိုဆူးလ်မြို့နှင့်နီးကပ်စွာ တည်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။

မိုဆူးလ်မြို့ကို ပြန်လည်သိမ်းယူခြင်းဖြင့် ၂ဝ၁၆ ခုနှစ်တွင် အိုင်အက်စ်အဖွဲ့အပေါ် အနိုင်ယူနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment